Monday 1 January 2024

နိုင်ငံရေးအကျဉ်းသားများ သံတိုင်များနောက်က ဦးမညွတ်သူများ


 နိုင်ငံရေးအကျဉ်းသားများ

သံတိုင်များနောက်က ဦးမညွတ်သူများ


ဖြောင့်မတ်သောသူများ ထောင်ချခံထားရချိန် ရာဇဝတ်ကောင်များ အစိုးရဖွဲ့ကြသည်။ ဤစကားစုသည် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက် ရှိနေသည့်အချိန်တိုင်းအတွက် ပြီးပြည့်စုံသော အနှစ်ချုပ်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နောက်ဆုံးအာဏာသိမ်းမှုနောက်ပိုင်း ပိုမှန်လာသည်။ 


နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၉,၇၆၅ ဦး ရှိနေသည်။ ယခင် စစ်အုပ်ချုပ်ရေးတွင်ပင် ကိန်းဂဏန်းသည် သုံးလေးထောင်ထက် မကျော်လွန်ခဲ့ပေ။ မြန်မာစစ်ကောင်စီသည် ကမ္ဘာပေါ်ရှိ အာဏာရှင်များကြားတွင်ပင် ထောင်အချဆုံး ဖြစ်လာသည်။ 


တရားမျှတမှု၊ လွတ်လပ်မှုနှင့် ရပိုင်ခွင့်များအတွက် လုပ်ဆောင်ခဲ့ကြသည့် နယ်ပယ်အသီးသီးမှ ရွေးကောက်တင်မြှောက်ခံထားရသော ခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များနှင့် နယ်ပယ်အသီးသီးမှ အဖွဲ့ဝင်များ သံတိုင်များနောက် အပို့ခံနေချိန်တွင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို ကျူးလွန်ခဲ့သော စစ်ယူနီဖောင်းဝတ် ရာဇဝတ်သားများက ဝန်ကြီးချုပ်နှင့် အစိုးရလုပ်နေကြသည်။ မည်မျှ ဆိုးရွားစွာ မှားယွင်းနေသနည်း။


ဆက်လက်ဖတ်ရှုရန် - https://bit.ly/48t8Ywc

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...