Saturday 20 January 2024

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


 ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇန်နဝါရီ ၂၀


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားသည်။


ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇နာရီ ၄၃ မိနစ်ခန့်တွင် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကြိုးတံတားဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက မီးရှို့ရှင်းလင်းကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာနှင့် ထွက်ပြေးသွားသူများလည်း ရှိကြောင်း၊ တိုက်ပွဲအတွင်း ကြိုးတံတားဂိတ်စခန်းနှင့် ခမရ - ၅၈၈ တို့ကို လက်နက်ကြီးများ ဖြင့် ဖိအားပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တပ်ရင်းများဖြစ်သည့် ခမရ -၅၈၈ နှင့် ခမရ - ၃၄၃ တို့မှလည်း လက်နက်ကြီးများဖြင့် အကြိမ် ၄၀ ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။


ကြိုးတံတားဂိတ် စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ၆၀ မမ လက်နက်ကြီးပြောင်းရှည် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ MA-1 ၁ လက် ၊ M16 A1 - ၁ လက်၊ AK47 ၁ လက်၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ပေါက်ကြိုး ၉ ခွေ၊ 5.56 ကျည်ဘောက် ၅ ခု၊ Ak ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၆ ခု၊ RPG ဗုံးသီး ၅ လုံး၊ အီနာဂါ ၂ လုံး၊ မီးကျည် ၁ လုံး၊ မိုင်းပစ္စည်းများ၊ လက်ပစ်ဗုံး ၁၂ လုံး၊ 380 ကျည် ၅တောင့် ၊ မှတ်ပုံတင် ၅ခု ၊ ဖုန်း ၁လုံး ၊ လက်နက်ငယ်ကျည် အမြှောက်များနှင့် မော်တော်ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


ကြိုးတံတားဂိတ်စခန်းကို သိမ်းပိုက် မီးရှို့ပြီးနောက် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ အကျအဆုံးမရှိ ဆုတ်ခွာ နိုင်ခဲ့ပြီး တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုမှ ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှ Mi-35 ရဟတ်ယာဥ် အသုံးပြုခဲ့သော်လည်း ဗုံးကျဲ မပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF) ၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO) ၊ Ye Defence Force (YDF) နှင့် ရေးသိမ်းငှက်တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...