Tuesday 30 January 2024

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့တဲ့ စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေ


 စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့တဲ့ စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေ


-People's Spring 


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်နေရာမှ ဒီနေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေပစ်ချခဲ့တာ အထောက်အထားအခိုင်အမာပြသနိုင်ခဲ့တာ ၅ စီး၊ပစ်ချနိုင်ကြောင်းအတည်ပြုထုတ်ပြန်ပေမယ့် အထောက်အထား မပြနိုင်သေးတဲ့ ၂ စီးအပါအဝင် ၇ စီးရှိပြီဖြစ်ပါတယ် ။ ၅ စီးကိုတော့ တော်လှန်ရေးအဖွဲ့တွေပစ်ချနိုင်ခဲ့တာကိုဓါတ်ပုံ၊ဗီဒီယို မှတ်တမ်းအပါအဝင်အထောက်အထားတွေပြနိုင်ခဲ့ပါတယ် ။တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ကြောင်း တရားဝင်အတည်ပြုထုတ်ပြန်ပေးခဲ့ပေမယ့် လေယာဥ်နဲ့ ရဟတ်ယာဥ်ဟာစစ်ကောင်စီတပ် စိုးမိုးနယ်မြေမှာပျက်ကျပြီးအထောက်အထားမပြနိုင်သေးတာ ၂ စီးရှိပါတယ် ။ဒီ ၂ စီးဟာ ၂၀၂၃ ဖေဖော်ဝါရီ ၃ ရက် ရွှေပြည်အေးမြို့တိုက်ပွဲမှာPDF နဲ့ ပကဖ တပ်ပေါင်းစုကပစ်ခတ်ခဲ့တဲ့အတွက် ရဟတ်ယာဥ် ၁ စီး(အမျိုးအမည်အတိအကျမသိ) ပျက်ကျခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုခဲ့တဲ့ တစ်စီး နဲ့ ၂၀၂၃ ဇွန် ၃၀ မှာ ရွာသစ်မြို့အနီးမှာ ကလလတ (KNPLF)နဲ့ကရင်နီတပ်ပေါင်းစုက ပစ်ချခဲ့တယ်လို့ ကလလတ က အတည်ပြုထားတဲ့ K-8W အပေါ့စားတိုက်လေယာဥ် တို့ဖြစ်ပါတယ် ။ လူထုနွေဦးသတင်းဌာန က ၇ စီးလုံးပါတဲ့ အင်ဖိုဂရပ်ကို ထပ်မံဖော်ပြပေးလိုက်ပါတယ် ။


-People's Spring အင်ဖိုဂရပ်

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...