Monday 29 January 2024

မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIAပူးပေါင်းတပ်သိမ်းပိုက်


 မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIAပူးပေါင်းတပ်သိမ်းပိုက်


ဆန်အောင်/People’s Spring


ကချင်ပြည်နယ် မံစီမြို့နယ် ကိုက်ထိပ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်

(KIA)က ယနေ့(ဇန်နဝါရီ ၂၉ )မနက်တွင်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခုကို KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေတပ်(KPDF)ပူးပေါင်းတပ်များက ဆက်တိုက် သိမ်းပိုက်လျက်ရှိရာ ယခုရက်ပိုင်းတွင် ကိုက်ထိပ်စစ်တပ်စခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


“ဒီနေ့မနက် ၈နာရီခွဲမှာ ဗန်းမော်ခရိုင် မံစီ မြို့နယ် ကိုက်ထိပ် စကစ တပ်စခန်းကုန်းအားလုံးကို KIA+KPDF ပူးပေါင်းတပ်ဖွဲ့များ အပြီးအစီးသိမ်းပိုက်လိုက်ပါပြီ” ဟု 

စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။


အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးမှု၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။


"လက်နက်ရရှိမှုစရင်းမသိရသေး....ဂိုဒေါင်လိုပ်ကိုရတယ်လို့ပြောတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


မံစီမြို့နယ် မံဝိန်းကြီးဒေသရှိ စစ်စခန်းများကိုလည်း KIAက တိုက်ခ်ုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။


KIA အနေဖြင့် ဇန်နဝါရီ ၂၈ မနက်ပိုင်းကလည်း တနိုင်းမြို့နယ်ဒလူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည်။


 (KIA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်၏ ကိုက်ထိပ် ဒေသမှတပ်စခန်းတစ်ခုကို အပေါ်စီးမှတွေ့ရပုံ။ဓါတ်ပုံ-KIA)

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...