Sunday 11 February 2024

ကိုးကန့်ဒေသ အောင်ပွဲကို မြောက်ပိုင်းမဟာမိတ်တပ် ခေါင်းဆောင်တွေ တက်ရောက်


 ကိုးကန့်ဒေသ အောင်ပွဲကို မြောက်ပိုင်းမဟာမိတ်တပ် ခေါင်းဆောင်တွေ တက်ရောက် 


ကိုးကန့်တပ် (MNDAA) က ဦးဆောင်ကျင်းပတဲ့ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်မှ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အခမ်းအနားကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ရဲ့ စစ်ဘက်ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။


ဇန်နဝါရီလ ၉ ရက်တုန်းက ကျင်းပတဲ့ ကိုးကန့်ဒေသအောင်ပွဲနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ညီနောင်မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့အကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ 


အဲဒီအခမ်းအနားမှာ ကိုးကန့်တပ်(MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်၊ တအာင်းတပ်(PSLF/TNLA) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့အတူ တက်ရောက်ကြတဲ့ဓာတ်ပုံကိုလည်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။


ဒီသတင်းအပါအဝင် ဖေဖော်ဝါရီလ ၁၁ ရက် နောက်ဆုံးရသတင်းများ စုစည်းတင်ဆက်မှု 

https://www.bbc.com/burmese/articles/c88n534ygjno 


#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ရှမ်းမြောက် #ကိုးကန့်တပ် #MNDAA #TNLA #AA #တရုတ်နှစ်သစ်ကူး

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...