Saturday 10 February 2024

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၄၁ မြို့ရှိလာ


 တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့ပေါင်း

 ၄၁ မြို့ရှိလာ


-People's Spring 


ရက္ခိုင့်တပ်တော် ( AA)က ဖေဖော်ဝါရီ ၆ ၊၇ ၊၈ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား ၊ မြောက်ဦး ၊ကျောက်တော် ၊ တောင်ပြိုလက်ဝဲမြို့တွေကို ထပ်မံသိမ်း၊ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ပလက်ဝဒေသက ပလက်ဝ နဲ့ ဆမီးမြို့ ၊ ရခိုင်ပြည်နယ်က ပေါက်တောမြို့တွေကို သိမ်းပိုက်ပြီးဖြစ်တာကြောင့် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ပေါင်း ၇ မြို့ ရှိလာပြီဖြစ်ပါတယ် ။ဒါကြောင့်နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင် ၄၁ မြို့ထိရှိလာပြီဖြစ်ပါတယ် ။ တော်လှန်ရေးအဖွဲ့တွေ သိမ်ူပိုက်၊ထိန်းချုပ်ထားပေမယ့် သတင်းမထုတ်ပြန်လို့ ဒီစာရင်းထဲမပါတာတွေကျန်ရှိနိုင်ပါတယ် ။ ရှမ်းပြည်

နယ်မြောက်ပိုင်း ၊ရှမ်းပြည်နယ်တောင်ပိုင်း ၊ချင်းပြည်နယ် ၊ရခိုင်ပြည်နယ် ၊ကရင်နီပြည်နယ် ၊ကချင်ပြည်နယ် ၊စစ်ကိုင်း

တိုင်း တွေ မြို့ပေါင်း ၄၁ မြို့ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်လာနိုင်တာဖြစ်ပါတယ် ။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...