Saturday, 3 February 2024
ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက ယနေ့မှ အပြီးသတ် သိမ်းပိုက်ရရှိ
ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက ယနေ့မှ အပြီးသတ် သိမ်းပိုက်ရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်း စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့တွင်မှ အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း KIA ၏ ထုတ်ပြန်ချက်နှင့် KIA သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖားကန့်မြို့နယ် နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ နန့်တိန်း တပ်စခန်းကို ဇန်နဝါရီ လကတည်းက တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ် စခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့လင့်ကစား တော်လှန်ရေးတပ်များက စခန်းကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ယင်းနန့်တိန်းစခန်းတွင်ပင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင်မှ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ နိုင်ပကောင်း၊ဟန်နွေ /People's Spring ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စ...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

We loved We Trust We Win 😶🌫️💪💌
ReplyDelete