Monday 12 February 2024

ကချင်ပြည်နယ် ဆင်ဘိုမြို့ကို KIA တိုက်ခိုက် သိမ်းပိုက်


 ကချင်ပြည်နယ် ဆင်ဘိုမြို့ကို KIA တိုက်ခိုက် သိမ်းပိုက်


▪️မြို့အနီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေဆဲဟု စစ်ရေးသတင်းရင်းမြစ်ပြော


ဝင်းမောင်/People’s Spring


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ၁၀ရက် နံနက်ပိုင်းကတည်းက စတင်တိုက်ခိုက်ခဲံခြင်းဖြစ်ပြီး လက်ရှိတွင် မြို့ကို သိမ်းထားနိုင်ပြီဖြစ်သော် လည်း မြို့အနီး စစ်ကောင်စီတပ်ကိုဆက်လက် တိုက်ခိုက်နေသည်ဟု ဆိုသည်။


"မြို့ကိုတော့ သိမ်းထားတယ်။ ခလရ(၁၄၁) ကိုတော့ တိုက်နေဆဲ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ KIA အနေဖြင့်မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြို့တစ်မြို့ကို အချိန်တိုအတွင်းသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။


“ဝင်တိုက်တာကတော့ မနေ့က မနက် ၇နာရီကနေ ဝင်တိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သိမ်းပိုက်လို့ရတယ်ဆိုတဲ့သတင်းကတော့ မကြားရသေးပါဘူး” ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆင်ဘိုမြို့ တိုက်ပွဲနှင့်ပတ်သက်ပြီး ယနေ့ ညပိုင်းတွင် ပြောသည်။


ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့သိမ်းပိုက်နိုင်မှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


KIAသည် ရှမ်းမြောက်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းရှိ မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ဆင်နွှဲလျက်ရှိပြီးကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ ရှမ်းမြောက် မဘိမ်းမြို့၊ မံစီမြို့နယ် မံဝိန်းကြီးဒေသ အပါအဝင် စစ်ကောင်စီတပ်စခန်းအများအပြားကိုဇန်နဝါရီနှင့် ယခု ဖေဖော်ဝါရီလဆန်းအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။


(ရှေ့တန်းတနေရာတွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - KIA)

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...