Thursday 15 February 2024

ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်နှင့် အစီအမံများ အမြန်ဆုံး ဖော်ဆောင်သွားမည်ဟု NUCC ဖော်ပြ


 ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်နှင့် အစီအမံများ အမြန်ဆုံး ဖော်ဆောင်သွားမည်ဟု NUCC ဖော်ပြ


▪︎တော်လှန်ရေးအင်အားစုများကလုံခြုံရေးစည်းကို မကျိုး

ပေါက်စေဘဲကိုင်တွယ်ဖြေရှင်းပေးရေးပြင်ဆင်ထားရန်နှင့်လူငယ်များတော်လှန်ရေးတွင်ပြတ်ပြတ်သားသားပါဝင်ကြရန်တိုက်တွန်း


သော်မွန်/People’s Spring


ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်နှင့် အစီအမံများအား အမြန်ဆုံး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)ထုတ်ပြန်သည်။ 


စစ်အုပ်စုက ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NUCC အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ပြည်သူလူထုနှင့် လူငယ်များအတွက် လိုအပ်သည့်လုပ်ငန်းစဥ်နှင့် အစီအမံများကို အမြန်ဆုံးဖော်ဆောင်သွားမည်ဟု ဖော်ပြသည်။


“ဒါနဲ့ပတ်သက်လို့ NUCC မှာ သီးခြားလုပ်ငန်းကော်မတီဖွဲ့ပြီး ဆောင်ရွက်ဖို့ဆိုပြီး လုပ်ငန်းကော်မတီဖွဲ့တာရှိတယ်။ ပြီးရင် အဲဒီ NUCC လုပ်ငန်းကော်မတီနဲ့ NUG နဲ့ ညှိနှိုင်းပြီးတော့ NUCC နဲ့ NUG ဒီကိစ္စအပေါ်မှာ တုန့်ပြန်ဆောင်ရွက်ဖို့ အတွက် လုပ်ငန်းစဥ်တွေ၊အစီအမံတွေဆောာင်ရွက်ဖို့အတွက် Joint Working Committee ဆိုပြီး NUG နဲ့ NUCC ပေါင်းစပ်ဖွဲ့ပြီးတော့ ဆက်လက်ပြီး တုန့်ပြန်ဆောင်ရွက်မှုတွေကို အချိန်နဲ့ တပြေးညီလုပ်သွားဖို့ ရှိပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။


ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အခြားသောတော်လှန်ရေးအင်အားစုများနှင့် အထက်ပါ Joint Working Committee ကို ချိတ်ဆက်ကာ လူငယ်များ၊ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရေး ထိရောက်စွာ ဆောင်ရွက်ရန် အလေးထားဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။


ပြည်သူ့စစ်မှုထမ်းဥပဒေအားအသက်သွင်းခြင်းသည် တိုင်းပြည်၏အနာဂတ်ဖြစ်သော ကျောင်းသား၊လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်ကြောင်း NUCC က တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ တိုက်တွန်းနှိုးဆော်ချက် ကြေညာချက်၌ ဖော်ပြသည်။


ထို့အပြင်စစ်အုပ်စုကကျူးလွန်သော ရာဇဝတ်မှုများအား နိုင်ငံတကာကထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ပိုမိုပြင်းထန်သောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန် လာခြင်းဖြစ်ကြောင်း NUCC ကဆိုသည်။


အကြမ်းဖက်စစ်အုပ်စုကြောင့်ဖြစ်သော ဒေသတွင်း မတည်ငြိမ်မှုကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်ရာ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အလျင်အမြန်တုံ့ပြန်ရမည်ဖြစ်ပြီး ယင်းအတွက် အကြမ်းဖက်စစ်အုပ်စုအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် NUCC ကတိုက်တွန်းသည်။


တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း မိမိတို့၏ လုံခြုံရေးစည်းကို မကျိုးပေါက်စေဘဲ ထိုအခြေအနေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ဆင်ထားကြရမည်ဖြစ်ပြီး လူငယ် များ၊ ပြည်သူများအနေဖြင့် စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းမခံလိုလျှင် တော်

လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေများသို့ လာရောက်ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင် ပြတ်ပြတ်သားသား ပါဝင်ကြရန် ဆက်လက်တိုက်တွန်းသည်။ 


စစ်မှုထမ်းဥပဒေပြဌာန်းအသက်သွင်းခြင်းသည် အကြမ်း

ဖက်စစ်အုပ်စု၏ ထိုသို့သွေးရူးသွေးတန်းလုပ်ဆောင်ချက်ဖြစ်ပြီး ပြိုကျပျက်စီးအဆုံးသတ်တော့မည့် ၎င်းတို့၏အခြေအနေကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်ဟု NUCC က သုံးသပ်သည်။စစ်အုပ်စု ဖန်တီးထားသည့် အထွေထွေအကြပ်အတည်းများကြားတွင် ဒုက္ခပင်လယ်ဝေနေသည့် ပြည်သူလူထုတရပ်လုံးကို ပိုမိုပြင်း ထန်စွာဖိနှိပ်လိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုအား အတင်းအဓမ္မအစ

ဖျောက်ရန် ကြိုတင် ပြင်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...