Monday 25 March 2024

မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံး


 မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံး


ရန်ကုန်၊ မတ် ၂၅ 


မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကျော်ဇင်မြင့်သည် မြင်းခြံဘက်သို့ စစ် ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး သေဆုံးသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 


ယခုမတ်လ ဒုတိယအပတ်တွင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် မြင်းခြံ-မြို့သာ ကားလမ်းတွင် စစ်ကြောင်းထွက်စဉ် မိုင်းဆွဲခံရပြီး ဒဏ်ရာရရှိကြောင်း၊ ရရှိသော ဒဏ်ရာဖြင့် မန္တလေးဆေးရုံသို့ တင်ပို့ခဲ့သော် လည်း ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 


"မြင်းခြံဘက်ကို စစ်ကြောင်းထွက်တုန်းမှာ မိုင်းမိတယ်။ မန္တလေး ဆေးရုံပြန်ပို့ပေမယ့် ရရှိတဲ့ဒဏ်ရာနဲ့ ဆုံးသွားပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဒုတိယရဲမှူးကြီး ကျော်ဇင်မြင့်သည် သေဆုံးချိန်တွင် အသက် ၅၃ နှစ်ရှိနေပြီဖြစ်ပြီး သားသမီး ၂ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

5 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...