Tuesday 12 March 2024

ဘောလခဲ နှင့် ဖားဆောင်း ရဲစခန်းတို့မှ စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်



ဘောလခဲ နှင့် ဖားဆောင်း ရဲစခန်းတို့မှ စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် 


ရန်ကုန်၊ မတ် ၁၂


ကရင်နီပြည်နယ်၊ ဘောလခဲမြို့မ ရဲစခန်းနှင့် ဖားဆောင်းမြို့မ ရဲစခန်း တို့မှ စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) မှ ထုတ်ပြန်ထားသည်။


၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဘောလခဲမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး သည် G-3 ၁ လက်၊ ကျည်ဘောက် ၆ ခုနှင့် G-3 ကျည်ဆံ (၇.၆၂) ၃၃၀ တောင့်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။


မတ်လ ၃ ရက်နေ့တွင် ဖားဆောင်းမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ၁ ဦး နှင့် ရဲတပ်သား ၃ ဦးတို့သည် Ak -M22 ၃ လက်၊ G-3 ၁ လက် ၊Ak-M22 ကျည်ဘောက် ၁၀ ဘောက်၊ Ak ကျည် ၅၅၀ ခန့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ G3 ကျည်ဘောက် ၃ ဘောက်၊ G3 ကျည်ဆံ ၁၀၀ခန့်နှင့်အတူ ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အလင်းဝင် လာသော စစ်ကောင်စီ တပ်သား ၅ ဦးကို လက်ရှိချိန်တွင် လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားကြောင်း သိရသည်။


အလင်းဝင် လိုသော စစ်သားနှင့် ရဲတပ်သားများသည် ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) တပ်ဖွဲ့ထံ ဆက်သွယ် စုံစမ်းနိုင်ပြီး ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
 

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...