Friday 15 March 2024

Breaking News- စစ်ကောင်စီဘက်မှ ကျိုက်ဒုံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ပါ တပ်ဖွဲ့က အလံဖြူထောင် လက်နက် ချ၊ ကျိုက်ဒုံဗျူဟာစခန်း တစ်ခုလုံးကို KNLA က သိမ်းပိုက်



 Breaking News- စစ်ကောင်စီဘက်မှ ကျိုက်ဒုံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ပါ တပ်ဖွဲ့က အလံဖြူထောင် လက်နက် ချ၊ ကျိုက်ဒုံဗျူဟာစခန်း တစ်ခုလုံးကို KNLA က သိမ်းပိုက်


■ လက်နက် ရာချီရရှိပြီး ခဲယမ်းမြောက်မြားစွာ ရရှိကာ လက်နက်ချသူများကို ကောင်းမွန်စွာစောင့် ရှောက်ထား


ရန်ကုန်၊ မတ် ၁၅ 


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲ့က KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံလိုက်ကြောင်း KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။ 


မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များထံတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော တပ်များက လက်နက်ချ အညံ့ခံခြင်းဖြစ်ပြီး ညနေ ၆ နာရီအချိန်တွင် နယ်မြေရှင်းလင်းလုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


"ကျိုက်ဒုံ ဗျူဟာက မနေ့ ညနေ ၄ နာရီ ၂၀ မိနစ် မှာ ရတယ်၊ ညနေ ၆ နာရီမှာအားလုံးရှင်းလင်းပြီးတယ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်ပြီး အားလုံး အလံဖြူထောင်ပြီး လက်နက်ချတယ်၊ စစ်သားအရေအတွက် ၆၀ ဝန်းကျင်ရှိပါတယ်" ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ 

 

အဆိုပါ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ KNLA ဦးဆောင်သော တပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိက္ခာနှင့် စစ်ကူ မလာနိုင်စေရန် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၁၄ ရက်နေ့တွင် ဗျူဟာမှူး ဦးဆောင် လက်နက်ချလာသဖြင့် အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"စတိုက်တာက ဇန်နဝါရီလ ၂၇ ရက်နေ့လောက်ကစတိုက်တယ်၊ မတ်လ ၁၃ ရက်နေ့မှာ တက်ရောက်ချေမှုန်းတယ်။ မတ်လ ၁၄ ရက်နေ့ညနေမှာ အားလုံးရတယ်။ လက်နက်အများအပြား ရာနဲ့ချီပြီးရပါတယ်၊ ကိုယ့်လူ ကျဆုံး သုံးယောက်၊ ဒဏ်ရာရတာတော့များတယ်၊ လေယာဥ်ဗုံးကျဲလို့ အနားနီးရွာကပြည်သူတွေ ထိခိုက်မှုများတယ်" ဟု KNU တပ်မဟာ ၆ ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...