Thursday 14 March 2024

မိုးမောက်မြို့နယ် ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇)တပ်ရင်း၏ အဓိကနေရာများကို KIA သိမ်းပိုက်


 မိုးမောက်မြို့နယ် ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇)တပ်ရင်း၏ အဓိကနေရာများကို KIA သိမ်းပိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒါဆိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့တွင် ဝင်ရောက်စီးနင်းသိမ်းပိုက် ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


မတ်လ ၇ရက်မှ စတင်ပြီး KIAက မိုးမောက်၊ ဝိုင်းမော်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းဌာနချုပ်များကို တိုက်ခိုက် သိမ်းပိုက် လျက်ရှိရာ မတ်လ ၁၄ရက်တွင် နောက်ထပ် တပ်ရင်းတစ်ခုသိမ်းနိုင်မည့် အခြေအနေဖြစ်သည်။


" ဒါဆိုင်းတပ်က ခလရ(၂၃၇) ဟုတ်တယ်။ သူတို့ တပ်ဝန်းတော့ တော်တော်လည်းကျယ်တယ်။ သူတို့ တပ်ဝန်းက ဧက ၂၀၊ ၃၀လောက်ရှိမယ်ထင်တယ်။ အခု အဓိကပွိုင့်ကျတဲ့နေရာတွေကိုတော့ အကုန်လုံးသိမ်းလိုက်ပြီ။ သူတို့ တပ်မိသားစုတွေ နေတဲ့အဆောင်ဘက်ပဲ ကျန်တော့တယ်။ သူတို့ဘက်က အဲဒီဘက်မှာ စုနေတာ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဒါဆိုင်း အခြေစိုက် ခလရ(၂၃၇)တပ်အား စီးနင်းသိမ်းပိုက်မှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အခြား သတင်းရင်းမြစ်များထံသို့လည်းမေးမြန်းထားသည်။


The 74 Media၏ ဖော်ပြချက်တွင် ဒါဆိုင်း တပ်စခန်းကို KIAကသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ဖမ်းဆီးခံရသူများလည်းရှိကြောင်း ဖော်ပြထားသည်။


KIA အနေဖြင့် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီတပ် ခလရ (၁၄၂) တပ်ရင်းကိုလည်း မတ်လ ၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ 


ခလရ(၁၄၂)တပ်က လက်နက်ချခဲ့ခြင်းဖြစ်ပြီး စစ်အင်အား ၁၀၀ခန့်၊ တပ်မိသားစုဝင် ၁၀၀ခန့် ပါဝင်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။


KIA၏ တပ်စခန်းအများအပြား ထိုးစစ်ဆင်မှုကို စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံခဲ့သော်လည်း စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ခဲ့ရသည်။


ထို့အပြင် KIA ဌာနချုပ် လိုင်ဇာအနီး၌လည်း စစ်ကောင်စီတပ်စခန်းအများစုကို KIAကသိမ်းပိုက်ထားပြီးကျန်နေသည့်ဘွမ်ရယ်ဘွမ် အပါအဝင် စခန်းအချို့ကိုဆက်လက်ထိုးစစ်ဆင်လျက်ရှိရာယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။


"လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ တိုက်ပွဲပြင်းထန်ပြီဆို လေကြောင်းက အမြဲတမ်းလာတာပဲ"ဟု စစ်ရေးသတင်းရင်းမြစ်က မတ်လ ၁၃ရက် ဘွမ်ရယ်ဘွမ် တိုက်ပွဲအခြေအနေတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူပေးမှုကိုပြောပြသည်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...