Sunday 17 March 2024

စစ်ကောင်စီ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး အပါအဝင် စစ်သား ၆၀ ကျော် လက်နက်ချသော ကျိုက်ဒုံဗျူဟာစခန်းမှ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့်ဖိုက်၊ ငါးကြင်းမြီး၊ RPG လက်နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော်သိမ်းဆည်းရရှိ


 စစ်ကောင်စီ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး အပါအဝင် စစ်သား ၆၀ ကျော် လက်နက်ချသော ကျိုက်ဒုံဗျူဟာစခန်းမှ  ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့်ဖိုက်၊ ငါးကြင်းမြီး၊ RPG လက်နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော်သိမ်းဆည်းရရှိ


ရန်ကုန်၊ မတ် ၁၇ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၂၀ မမ လက်နက်ကြီး၊ ပွိုင့် ဖိုက်၊ ငါးကြင်းမြီး၊ RPG လက် နက်ကြီးများအပါအဝင် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုက ထုတ်ပြန်သည်။


မတ်လ ၁၃ ရက် နံနက် ၆ နာရီ မိနစ် ၅၀ အချိန်မှစ၍ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံတွင် အခြေချ တပ်စွဲထားသည့် စကခ ၁၃ လက်အောက်ခံ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို တက်ရောက်တိုက်ခိုက် ချေမှုန်းခဲ့ရာ မတ်လ ၁၄ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် တပ်မဟာ ၆ ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ဝိုင်းပတ် တိုက်ခိုက် ပိတ်ဆို့ထားပြီးနောက် မတ်လ ၁၄ ရက်နေ့ တွင် အပြီးအပိုင် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


အကြမ်းဖက်စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာစခန်းအတွင်းမှ RPG ၊ ပွိုင့်5 ၊ ငါး ကြင်းမြီး စက်သေနတ် အပါအဝင် လက်နက်ငယ်ပေါင်း ၈၆ လက် ၊ ၆၀ မမ ၄ လက် ၊ ၈၁ မမ ၂ လက် ၊ ၁၂၀ မမ ၁ လက် ၊ Drone Gun ၂ လက် ၊ ခဲယမ်းကျည်များ နှင့်စစ်အသုံးအဆောင်ပစ္စည်းမြောက်များစွာတို့ကို သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။


 KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ကျိုက်ဒုံ ဗျူဟာ စစ်တပ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သော အင်အား ၆၀ ဝန်းကျင်ပါ တပ်ဖွဲက KNLA ထံတွင် အလံဖြူထောင်၍ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊  မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် KNLA ဦးဆောင်သော တော်လှန် ရေးမဟာမိတ်တပ်များထံတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး ဦးဆောင်သော တပ်များက လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

4 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...