Monday 15 April 2024

တပ်ရင်းမှူးအပါအဝင် ခလရ ၁၀၃ တပ်ဖွဲ့ဝင် ၄၈ ဦး ကေအဲန်ယူထံ လက်နက်ချအညံ့ခံ


 တပ်ရင်းမှူးအပါအဝင် ခလရ ၁၀၃ တပ်ဖွဲ့ဝင် ၄၈ ဦး ကေအဲန်ယူထံ လက်နက်ချအညံ့ခံ


ဧပြီ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄/ ဘိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေ

ကမာပလောစခန်း၊ ထောမာဖြိုးစခန်းမှ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း -ခလရ ၁၀၃ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦး ယနေ့ ဧပြီလ ၁၅ ရက်နံနက်တွင် လက်နက်ချအညံ့ခံခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။


ကမာပလောစခန်းနှင့် ထောမာဖြိုးစခန်းရှိ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း ဦးဆောင်သည့် ခလရ ၁၀၃ မှ တပ်ဖွဲ့ဝင်များသည် ထီးထာရှိ ဗျူဟာစခန်းနှင့် ပြန်လည်ပူးပေါင်းရန် ပြန်လာစဉ် မောထနှင့် ထီး ထာကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။


ထိုသို့ တိုက်ခိုက်မှုလုပ်ဆောင်ရာတွင် ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် ၄၈ ဦးဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။


ပဒိုစောအယ်နာက " တိုက်ပွဲဖြစ်ပြီးတော့ သူတို့မနိုင်မှန်းသိတဲ့အခါကျမှ လက်နက်ချအညံ့ခံတဲ့သူ တွေဖြစ် ပါတယ်။ သေချအောင် သူတို့ကို စစ်ဆေးမေးမြန်းသွားရအုံးမှာဖြစ်ပါတယ်။"ဟု ပြောသည်။


Photo: Crd.


===============================

-> ကရင်ပြည်သူထု၏ အသံများ နှင့် အမြင်များကို ဖော်ပြပေးသော လွတ်လပ်သည့်သတင်းဌာန အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိဿတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေကို ကြိုဆိုပါတယ်။


-> အောက်ပါ Link သို့ဆက်သွယ်ပြီး လစဉ်ကြေး ပေးသွင်းခြင်းအားဖြင့်သော်လည်းကောင်း ၊ အလှူငွေသီးသန့်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ပံ့ပိုးကူညီပေးလို့ ရပါတယ်။


Support KIC - https://web.facebook.com/messages/t/113038198360641


===============================

Website: https://kicnews.org

Twitter: https://twitter.com/KIC_NewsCompany

Youtube: https://www.youtube.com/@TheKarenNews/videos

Telegram: https://t.me/Karen_Information_Center

TikTok: https://www.tiktok.com/@kicnews1

Instagram: https://www.instagram.com/karen_information_center_kic/

Spotify: https://open.spotify.com/user/31olqg6bqyrsqmezjqlxbighzu2u?si=28e76050c5054480


KIC Application

For (IOS) https://apple.co/3IaRU2G

For (Android) https://bit.ly/3khtzQP


 


ယနေ့ တိုက်ပွဲတွင် တပ်မဟာ ၄ စစ်ကြောင်း၊ KNLA တပ်ရင်း ၁၀၊ တပ်ရင်း ၂၇၊ တပ်ရင်း ၂၀၃ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ပွိုင့်ဖိုက်၊ ငါးကြင်းမြီးရှည် (စက်လတ်)နှင့် RPG အပါအဝင် စုစုပေါင်း လက်နက် ၆၈ လက် သိမ်းဆည်းရမိသည်ဟု ကေအဲန်ယူက ပြောသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...