Thursday 18 April 2024

နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ်ခံရပြီးသေဆုံး၊ ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ


 နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ်ခံရပြီးသေဆုံး၊ ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဧပြီ ၁၈


မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း People's Defence Organization - Natmauk တပ်ဖွဲ့မှ သိရသည်။


ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် န-ဖုန်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်အေးကို ၎င်းနေအိမ်၌ပင် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။


တော်လှန်ရေး တပ်ဖွဲ့များ သွားရောက် တိုက်ခိုက်စဉ် အတွင်း ပျူစောထီး ခေါင်းဆောင် ခင်မောင်အေးက ၎င်းကိုင်ဆောင်ထားသော ကာဘိုင်ဖြင့် စတင်တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ခင်မောင်အေးထံမှ ကာဘိုင်သေနတ် ၁ လက် ၊ ကာဘိုင်ကျည် ၁၉ တောင့် ၊ ပစ္စတိုအတု ၁ လက် ၊ လက်ပစ်ဗုံး ၃ လုံး ၊ ၉ မမကျည် ၄ တောင့် ၊ စစ်ဝတ်စုံ ၁၁ စုံ ၊ အီကွေးမန့် ၇ စုံ ၊ စစ်ဖိနပ် ၅ ရံ ၊ ကျောပိုးအိတ် ၁ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို နတ်မောက် ပကဖ ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ကြိုးကြာနီတပ်ဖွဲ့ ၊ မြို့သစ် ပကဖ ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ၊ Aung San's land ၊ တပ်ရင်း(၉၀၂) တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...