Saturday 13 April 2024

ဆော့လော်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်


 ဆော့လော်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်

==============

ဧပြီလ ၁၃ ရက်

Radio NUG


ကချင်ပြည်နယ် ဆော့လောမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့-BGF (၁၀၀၁) ရဲ့ တပ်စခန်းတခုနဲ့ ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


ဆော့လော်မြို့သွားလမ်း မျှော်ဇန်ကူး နယ်ခြားစောင့်တပ် -၁၀၀၁ ရဲ့ တပ်စိပ်စခန်းကို ဧပြီလ ၁၂ရက် မွန်းတည့် ၁၂ နာရီမှာ KIA တပ်ရင်း-၄၆ တပ်ဖွဲ့က သိမ်းပိုက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့ကလည်း ချီဖွေကနေ ဆော့လော်မြို့ကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့ မျှော်ဂျောင်ပန်ဝါ ပြည်သူ့စစ် စခန်းကိုလည်း KIA တပ်မဟာ-၇ က သိမ်းပိုက်ခဲ့ရာမှာ လူနဲ့ လက်နက်များရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။


ဦးစခုန်တိန့်ယိမ်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ဟာ ၁၉၉၃ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီး နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်တာလို့ သိရပါတယ်။


ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ KIA က ပြီးခဲ့တဲ့နှစ်တွေကတည်းက အသိပေးကြေညာထားတာရှိပါတယ်။ 


အဆိုပါနယ်ခြားစောင့်တပ်တွေနဲ့ပြည်သူ့စစ်တွေအနေနဲ့ မိခင်တပ်ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ထံ လာရောက်ပူးပေါင်းဖို့ ၂ဝ၁၁ ခုနှစ်ကတည်းက လမ်းဖွင့်ပေးထားပေမယ့် လက်ရှိအချိန်အထိ ပူးပေါင်းတာမရှိတဲ့အတွက် စစ်ရေးပစ်မှတ်အဖြစ်ရှိနေတာလို့ သိရပါတယ်။


KIA အနေနဲ့ ဝိုင်းမော်မြိုနယ်မှာရှိတဲ့ ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ စစ်ဆင်ရေးမှာလည်း ဦးရွှေမင်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...