Monday 22 April 2024

ဖားကန့် ဆယ်ဇင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA ဆက်လက်တိုက်ခိုက်


 ဖားကန့် ဆယ်ဇင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA ဆက်လက်တိုက်ခိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်

စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယနေ့ (ဧပြီ ၂၂ )ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


စစ်ကောင်စီ၏ဆယ်ဇင်းဒေသ ခမရ(၁၁၆) တပ်စခန်းကို KIA ပူးပေါင်းတပ်က ဧပြီ ၂၀ရက်တွင် ထိုးစစ်ဆင် တိုက်

ခိုက်ခဲ့ရာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။


“တိုက်နေတုန်း။ ရန်သူက စခန်းအပြင်ကနေ နေရာ ၄ခု ကနေ ခုခံနေတာ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဆယ်ဇင်းဒေသ တိုက်ပွဲအခြေအနေကို ပြောပြသည်။


ဧပြီ ဒုတိယ အပတ် ဆယ်ဇင်းဒေသ KIA၏ ထိုးစစ်တွင် ဆယ်ဇင်းရဲစခန်းမှ ရဲ ၂၂ဦး လက်နက်ချခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ ထိုစဉ်ကလည်း စစ်ကောင်

စီစခန်းများကို တိုက်ခိုက်ခဲ့သော်လည်း သိမ်းနိုင်ခဲ့ခြင်းမရှိ၍ ဧပြီ ၂၀ရက် ညနေတွင် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


KIAသည် ယခုနှစ်အတွင်း ဖားကန့်ဒေသအပါအဝင် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်ရင်းဌာနချုပ်များကိုပါ သိမ်းနိုင်ခဲ့သည်။ မတ်လ ၇ရက်က KIA ပူးပေါင်းတပ်များက စစ်ကောင်စီ အများအပြားကို တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တစ်လအတွင်း လိုင်ဇာအနီး၊ ဝိုင်းမော်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဗန်းမော်-လွယ်ဂျယ်လမ်း စသည့် ဒေသများမှ တပ်စခန်း ၇၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။


 ထို့နောက် စစ်ရေးအရှိန် ပြန်လည်လျော့ကျခဲ့ပြီး ဖားကန့်၊ မံစီ၊ တနိုင်း၊ ဆော့လော်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းအချို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...