Monday 29 April 2024

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံး


 မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံး 


ရန်ကုန်၊ ဧပြီ ၂၉ 


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ အများအပြားသေဆုံးကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ရှိ ခလရ ၁၄၁တပ်ရင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစပြီး KIAက စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းနောက် KIA က ခလရ ၁၄၁ တပ်ရင်းကို တိုက်လိုက် နားလိုက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလနှောင်ပိုင်းတွင် စစ်ဆင်ရေးကို သေချာစွာ ဆောင်ရွက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ဆင်ဘိုစခန်းကတော့ ဒီမနက် ၇ နာရီမှာ အပြီးသတ် နယ်မြေရှင်းလင်းနိုင်ခဲ့ပါပြီ။ တပ်ရင်းမှူး ပါသေပါတယ်။ စခန်းထဲက ကောင်တွေကလည်း အသေခံ တိုက်တယ်။ မပြေးဘူး။ အတော်များများ မိုးမျှော်ကုန်တယ်။ လက်နက်တွေလည်း ရတယ်။ " ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်တပ်တပ်စခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...