Tuesday 2 April 2024

သင်္ဃန်းညီနောင်တွင် KNLA က သိမ်းပိုက်ထားသော ခမရ ၃၅၅ တပ်ရင်းကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်သော စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 သင်္ဃန်းညီနောင်တွင် KNLA က သိမ်းပိုက်ထားသော ခမရ ၃၅၅ တပ်ရင်းကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်သော စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဧပြီ ၂ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် KNLA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော ခမရ ၃၅၅ တပ်ရင်းကို ပြန်လည်ရရှိရေးအတွက် စစ်ကူလာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNUဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။ 


မတ်လ ၁၅ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် တော်လှန်ရေး များက သိမ်းပိုက်ထားသော မြ၀တီ/ သင်္ကန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို ပြန်လည် သိမ်းယူရန် စစ်တပ်ဘက်မှ ၉၇ တပ်ရင်း၊ ၁၀၂ တပ်ရင်း၊ ၁၁၈ တပ်ရင်း၊ ၅၄၆ တပ်ရင်း နှင့် ၃၅၆ တပ်ရင်းများပါဝင်သော စစ်ကူစစ်တပ်စစ်ကြောင်းများက ချီတက်လာကြောင်း၊ အဆိုပါစစ်တပ်စစ်ကြောင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က စောင့်ကြို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး ရရှိထားသော လက်နက်ခဲယမ်းများမှာ-


(၁) MA-1 - ၃ လက်

(၂) MA-2 - ၁ လက်

(၃) MA-3 - ၂ လက်

(၄) MAS - ၁ လက်

(၅) MA-5 - ၁ လက်

(၆) 38 mm - ၁ လက်

(၇) 60 mm (ကွန်မန်ဒို) - ၁ ပြောင်း

(၈) စက်လက် နာတိုပြောင်း - ၁ ပြောင်း

(၉) လက်ပစ်ဗုံး - ၂၂ လုံး

(၁၀) MA ကျည်ဘောက် - ၄၀ ဘောက်

(၁၁) MA (ကျည်ဘောက် အဝိုင်း) - ၁ ဘောက်

(၁၂) MA-5 (ကျည်ဘောက်) - ၂ ဘောက်

(၁၃) 5.56 (ကပစ) ကျည် - ၅၅၀၀ တောင့်

(၁၄) 7.62 (နာတိုကျည်) - ၁၀၀၀ တောင့်

(၁၅) 38 mm (ကျည်) - ၁၆ တောင့်

(၁၆) RPG (အသီး) - ၉ လုံး

(၁၇) RPG (ပို့ယမ်း) - ၃ တောင့်

(၁၈) 60 mm (ဗုံးသီး) - ၃၀ လုံး

(၁၉) ရှေ့ထွက်မိုင်း - ၁ လုံး

(၂၀) နင်းမိုင်း (အသေး) - ၆ လုံး

(၂၁) 60 mm (ပြောင်းထောက်) - ၁ ခု

(၂၂) ဆက်သွယ်ရေး အားသွင်းစက် - ၁ ခု

(၂၃) စစ်ဦးထုပ် - ၁၃ လုံး တို့ဖြစ်ကြောင်း သိရှိရသည်။ 


အလားတူ မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၅ ရက်နေ့ အတွင်း ခမရ ၃၅၅ တပ်စခန်းသို့ နောက်တစ်ကြိမ် စစ်ကူရောက်လာသော စစ်ကောင်စီတပ်များကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ထပ်မံတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း၊ လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 


စစ်တပ်စစ်ကြောင်းထံမှ ထပ်မံ သိမ်းဆည်းရရှိသော လက်နက်များမှာ-


(၁) MA-1 - ၁ လက်

(၂) MA-2 - ၂ လက်

(၃) ၉ လုံးကျည် - ၁ လက်

(၄) ငါးကြင်းမြီး စက်လက် - ၁ လက်

(၅) 81 ပြောင်း - ၁ ပြောင်း

(၆) 60 mm (ကွန်မန်ဒို) ပြောင်း - ၂ ပြောင်း

(၇) 81 mm ပြောင်းအထိုင် - ၁ ခု

(၈) နင်းမိုင်း (အသေး) - ၇ လုံး

(၉) 60 mm (ဗုံးသီး) - ၁၈ လုံး

(၁၀) 81 mm (ဗုံးသီး) - ၁၄ လုံး

(၁၁) RPG ကျည် - ၈ လုံး

(၁၂) အီနာဂါ - ၄ လုံး

(၁၃) ချိန်ဆိုက် - ၁ ခု

(၁၄) 7.62 (နာတိုကျည်) - ၈၀၀ တောင့်

(၁၅) ငါးကြင်းမြီး နာတိုပြောင်း - ၁ ပြောင်း

(၁၆) လက်ပစ်ဗုံး - ၁၁ လုံး

(၁၇) စစ်ဦးထုပ် - ၁ လုံး စသည့် လက်နက်ခဲယမ်းနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါတိုက်ပွဲများတွင် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး မှာ တိုင်း ပြည် နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း ၊ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ပြည်သူပိုင် အိုးအိမ်တချို့ လည်း ထိမှန် ပျက်စီး သွားခဲ့ရကြောင်း သိရှိရသည်။

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...