Tuesday 16 April 2024

ရခိုင်ပြည် တိုက်ပွဲများအတွင်းမှ ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆို


 ရခိုင်ပြည် တိုက်ပွဲများအတွင်းမှ ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆို


ရန်ကုန်၊ ဧပြီ ၁၆


ရခိုင်ပြည် ကျောက်တော်မြို့ရှိ အကြမ်းဖက် စစ်စခန်းများကို သိမ်းနိုင်သည်အထိ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲများမှ ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။ 


YDF ရဲဘော်များသည် စစ်ပညာရပ်များနှင့် စစ်ရေး အတွေ့အကြုံများ ရယူကာ ယောဒေသကို အပြည့်အဝကာကွယ်ပေးနိုင်ရေးသာမက နိုင်ငံအနှံ့ စစ်အာဏာရှင် ကျ၊ရှုံးရေး တိုက်ပွဲများတွင် ‌ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ရေးအတွက် ပြန်လည်ရောက်ရှိလာသော YDF ရဲဘော်များကို ယောဒေသရပ်ရွာများမှ ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆို နှုတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


စစ်ရေး အတွေ့အကြုံ လက်တွေ့ရယူခဲ့ကြပြီးဖြစ်သော YDF ရဲဘော်များသည် အနိမ့်ဆုံး စစ်ရေး ရည်မှန်းချက်ဖြစ်သော တော်လှန်ရေး အမြန်ဆုံးအပြီး သတ်အောင်ပွဲရအောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ယောကာကွယ်ရေးတပ်သည် တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း အခြေခံစစ်သင်တန်းကို အပတ်စဉ် ၁၄ အထိ သင်တန်းပေးပြီးဖြစ်ကြောင်း ယောကာကွယ်ရေးတပ်(YDF) က ထုတ်ပြန်ထားသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...