Tuesday, 21 May 2024
ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့မှ ပြည်သူများ စစ်ပွဲအန္တရာယ်ဇုန်မှ ဘေးလွတ်ရာ ပြောင်းရွှေ့ရန် AA က သတိပေး၊ သံတွဲကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်
ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့မှ ပြည်သူများ စစ်ပွဲအန္တရာယ်ဇုန်မှ ဘေးလွတ်ရာ ပြောင်းရွှေ့ရန် AA က သတိပေး၊ သံတွဲကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်ထားသည့်အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်
ရန်ကုန် | မေ ၂၁
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်များတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေ၍ ပြည်သူများအနေဖြင့် စစ်ပွဲအန္တရာယ်ဇုန်အတွင်းမှ ဘေးလွတ်ကင်းရာနေရာများသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန် AA က ထပ်မံ သတိပေးလိုက်သည်။
စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သတိထားကြရန်နှင့် တိုက်ပွဲဧရိယာနှင့်နီးစပ်သည့် ဒေသများတွင် ဗုံးခိုကျင်းများ ကြိုတင်တူးထားကြရန်လည်း AA က ပြောသည်။
ထို့အပြင် အဆိုပါမြို့နယ်များအတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့သည်ရှိသော် AA ထံသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ဆိုသည်။
အရပ်သားပြည်သူလူထုနှင့် အရပ်သားပစ်မှတ်များ၊ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများ၊ ရပ်ရွာနှင့် မြို့များအတွင်းသို့ လက်နက်ကြီး၊ ရေကြောင်း၊ လေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် မီးရှို့ဖျက်ဆီးခြင်း၊ တံတားများကိုဖျက်ဆီးခြင်းတို့ကို စစ်ကောင်စီက ဆက်တိုက် ပြုလုပ်လျက်ရှိနေသည်။
ပြီးခဲ့သည့်ရက်ပိုင်းများ ဘူးသီးတောင်နှင့် မောင်တောဒေသခံများကို အာရက္ခတပ်တော် AA က မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရန် သတိပေးခဲ့သော်လည်း တစ်ချို့ဒေသခံများက မြို့အတွင်းမှ မထွက်ဘဲ ဆက်လက် နေထိုင်မှုကြောင့်သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှု အချို့ ရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း နှစ်ဖက် လက်နက်ကိုင်များက အရပ်သားနေထိုင်ရာများကို လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ရှိနေသလို ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ယခု ရက်ပိုင်းအတွင်း သေဆုံးမှုများ မြင့်တက်လာနေကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည် သံတွဲမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်ကို ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားသည့်အပြင် လျှပ်စစ်မီးကိုပါ စစ်ကောင်စီက ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ငပလီမြို့အပါအဝင် သံတွဲမြို့နယ်တစ်ခုလုံး မေလ ၁၈ ရက်နေ့ကစ၍ လျှပ်စစ်မီး လုံးဝမရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
" မေလ ၁၈ ရက် ညကတည်းက လျှပ်စစ်မီး မရတာ။ သံတွဲမြို့ကို ဝင်တဲ့ ရေစင်ရွာနားမှာရှိတဲ့ မီးကြိုးတွေဟာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ ပြတ်သွားတယ်။ အဲဒီနေ့ကနေ အခုထိ မီးက မရဘူး။ မတော်လို့ ထိသွားတာလား၊ တမင် ပစ်တာလား။ လျှပ်စစ်မီးမရလို့ မြို့သူမြို့သားတွေ တော်တော်လေး ဒုက္ခရောက်နေကြတယ်။ " ဟု ပြောသည်။
လျှပ်စစ်မီးမရ၍ ထမင်းချက်ပြုတ်စားသောက်ရာတွင် အခက်အခဲဖြစ်နေကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
" အရင်ကလို မဟုတ်တော့ဘူး။ အခုက လျှပ်စစ်မီးနဲ့ပဲ အားလုံးက အလုပ်လုပ်နေရတာ။ လျှပ်စစ်မီးမရတော့ အားလုံးတိုင်ပတ်ပြီပေါ့။ ထမင်းချက်တာ၊ ဖုန်းအားသွင်းတာ၊ တခြားအလုပ်တွေပေါ့။ အားလုံး အခက်အခဲဖြစ်သွားကြပြီ။ လျှပ်စစ်ရုံးကို မေးကြည့်တော့ တိုက်ပွဲပြင်းထန်နေလို့ ရေစင်ရွာနားကို သွားလို့ မရဘူးလို့ ပြောတယ်။ ပြင်ဖို့ ကြာအုံးမယ်လို့ ပြောတယ်။ " ဟု ပြောသည်။
သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ရွှေလှေတိုက်နယ်တစ်ဝိုက်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေပြီး တိုက်ပွဲဧရိယာက ကျေးရွာ ၁၀ ကျော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာ ၁၀ ကျော်ကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို ဖြတ်တောက်ထားခြင်းဖြစ်သည်။
သံတွဲတိုက်ပွဲကြောင့် ယမန်နေ့ မေလ ၂၀ ရက်နေ့အထိ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင် သံတွဲဒေသခံ ကမန်လူမျိုး ၁၁ ဦးနှင့် ရခိုင် ၁၄ ဦး စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၅ ဦးခန့်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ သံတွဲမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့အတွင်းက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေ သို့မဟုတ် AA ထိန်းချုပ်ရာနယ်မြေများသို့ သွားရောက်ခိုလှုံကြရန် AA က ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်မှ အပျက်အစီးများ။
Subscribe to:
Post Comments (Atom)
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း
KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...
-
Mr Kyi Hlah, who was a winner of a raffle fundraising ticket that was made for supporting the local anti-junta resistance forces in Khin-U ...
-
Thai military raids Mae Sot hideout of supposed anti-regime forces March 23, 2023 The Thai military raided a four-story building in Mae Sot...
-
ဗန်းမော်၊ အမ်းကို သိမ်းယူပြီးနောက် …………………………… ကချင်ပြည်နယ်၊ ဒုတိယမြို့တော် ဖြစ်တဲ့ လူဦးရေ ၅ သောင်းကျော်နေထိုင်ရာ ဗန်းမော်မြို့ကို ကချင်လွတ...

Done✊
ReplyDelete👍🏻👍🏻👍🏻
ReplyDelete