Wednesday 12 June 2024

ဆိုင်ကယ် ခိုးယူ ထွက်ပြေးတဲ့ ဒုရဲအုပ်ကို ပစ်ခတ်ဖမ်း ဆီး၊ ဒုရဲအုပ် သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ


 ◼ဆိုင်ကယ် ခိုးယူ ထွက်ပြေးတဲ့ ဒုရဲအုပ်ကို ပစ်ခတ်ဖမ်း ဆီး၊ ဒုရဲအုပ် သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ


၁၂ ဇွန် ||| နွေဦးအသံ |||


စစ်ကိုင်းဒေသ၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာမှ ဒုရဲအုပ်တဦးဟာ ဇွန် ၁၁ ရက်မှာ ပြည်သူ့တဦးရဲ့ ဆိုင်ကယ်ကို ခိုးယူ ထွက်ပြေးစဉ် တော်လှန်ရေး တပ် ဖွဲ့တွေက လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ဒုရဲအုပ် သေ ဆုံးပြီး သေနတ် ၂ လက်၊ ယူနီဖောင်းနဲ့ ကျည်ကာတွေ သိမ်း ဆည်းရရှိခဲ့တယ်လို့ ခေတ်သစ် မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ခိုးယူ ထွက်ပြေးစဉ် နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးခဲ့ပြီး၊ ဒုရဲအုပ်က ခြောက်လုံးပြူး သေနတ်နဲ့ ပြန်လည် ပစ်ခတ်ဖို့ ပြုလုပ်ခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ဒုရဲအုပ်ထံမှ MA- 13 သေနတ် ၁ လက် ၊ ခြောက်လုံး ပြူး ပစ္စတို သေနတ် ၁ လက် ၊ MA - 13 ကျည် ၁၀၀ တောင့် ၊ ခြောက်လုံးပြူး ပစ္စတို ကျည် ၁၃ တောင့် ၊ ဖုန်း ၁ လုံး ၊ ကျည်ကာ ၁ ထည် နှင့် ကျည်ကာ ဦးထုပ် ၁ လုံး သိမ်း ဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဓာတ်ပုံ | ခေါတ်သစ် မီဒီယာ


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...