Sunday 2 June 2024

ရေဖြူတွင် အိမ်စီးကားနှင့်လာသည့် စစ်ကောင်စီဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး



 ရေဖြူတွင် အိမ်စီးကားနှင့်လာသည့် စစ်ကောင်စီဗိုလ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


ကျော်ဇော/People's Spring


ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အိမ်စီးကားဖြင့် ထား ဝယ်မြို့ဘက်သို့မောင်းနှင်လာစဥ် စောင့်ကြိုပစ် ခတ်ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က အသိပေးထုတ်ပြန်သည်။


ဇွန်လ ၁ရက် နံနက် ၁၁ နာရီ ၂၂ခန့်က ခလရ(၄၀၇)တပ်ရင်းမှ ဗိုလ်ကြီးဇင်ဝင့်အောင် သည် အိမ်စီးကားတစ်စီးဖြင့် ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည်ကို အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ကားမှောက်သွားကာ ၎င်းမှာ နေရာတင်ပွဲ ချင်းပြီးသေဆုံးသွားကြောင်း ဖော်ပြသည်။ 


ထို့နောက် ကားပေါ်ပါလာသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ပြီး ဗိုလ်ကြီးဇင်ဝင့်အောင်နှင့်အတူပါလာသည့် ပစ္စည်းများကို စစ်ဆေးရန် သိမ်းဆည်းခဲ့သည်ဟု YPPDFက အသိ ပေးသည်။


အထက်ပါဖြစ်စဥ်မှ အမျိုးသမီးတစ်ဦး၊ ကလေးနှစ်ဦးနှင့်ပတ်သက်၍ YPPDF ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းရာ ထုတ်ပြန်ချက်ပါအတိုင်းဖြစ်ပြီး ဖြစ်စဥ်အား သီးခြားပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။


ရေဖြူအခြေစိုက် ခလရ(၄၀၇)မှ စစ်ကောင်စီတပ်ဗိုလ်ကြီး ဇင်ဝင့်အောင်အား တိုက်ခိုက်မှုကို ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်(DNLA)နှင့် ရေဖြူပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(YPPDF)တို့ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းစစ်ရေးအရှိန်မြင့်လာသောကြောင့် မိဘပြည်သူများ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် သွားလာကြရန် ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း ရေဖြူမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ပြည် သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးဟုဆိုသူ အမျိုးသားနှစ်ဦးကို စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ MNSP-AD က ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။


(စစ်ကောင်စီဗိုလ်ကြီး ဇင်ဝင့်အောင်မောင်းနှင်လာသည့်ယာဥ်နှင့် ၎င်းထဲမှသိမ်းဆည်းရရှိသော ပစ္စည်းများကို တွေ့ရစဥ်။ ဓာတ်ပုံ - YPPDF)

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...