Tuesday 11 June 2024

ဆဒုံး – ကန်ပိုက်တည်လမ်းပေါ်က ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်



 ဆဒုံး – ကန်ပိုက်တည်လမ်းပေါ်က ၁၃ မိုင်စုပေါင်းဂိတ်နဲ့ ဘွမ့်တောင်တပ်စခန်း ၂ ခု KIA သိမ်းပိုက်

Jun 11,2024/Kachin News Group


ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တည်လမ်းမပေါ်ကျန်ရှိ‌ နေ‌သေးတဲ့စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်အထိ တပ်စခန်း ၂ နေရာကို သိမ်းပိုက်ထားပြီလို့သိရပါတယ်။


ဒီကနေ့မနက် အစောပိုင်း ၄ နာရီဝန်းကျင်လောက်ကနေ ဆဒုံး – ကန်ပိုင်တည် ကားလမ်းတစ်ကြောမှာရှိတဲ့ ဝါရှောင်ကျေးရွာအနီး ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်(Bum Tawng)ပြည်သူ့စစ်စခန်း၊ ဒိန်ဂါတပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို တပြိုင်နက်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။


သတင်းအပြည့်အစုံကို Website မှာဖတ်ရှု့နိုင်ပါတယ် >>> https://bit.ly/4aSWJdb


 #တိုက်ပွဲ #စခန်းသိမ်း #ဆဒုံး #ကန်ပိုင်တည် 

#KNG #Kachinnews #Kachinnewsgroup

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...