Friday 7 June 2024

စစ်ကောင်စီဗိုလ်ကြီးတစ်ဦး လက်နက်ခဲယမ်း နှင့်အတူ KNLA ထံ လာရောက်ပူးပေါင်း


 စစ်ကောင်စီဗိုလ်ကြီးတစ်ဦး လက်နက်ခဲယမ်း နှင့်အတူ KNLA ထံ လာရောက်ပူးပေါင်း

 

Salween Press 

ဇွန်လ ၇ ရက် ၂၀၂၄ 


မော့ကနင် အခြေစိုက် စကခ ၁၉ လက်အောက်ခံ ခလရ ၁၀၆ မှ အသက် ၃၅ နှစ်ရှိ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်သည် ဇွန်လ ၇ ရက်နေ့တွင် KNLA တပ်မဟာ ၆ ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု ကေအဲန်ယူ၏ ဒူးပလာယာခရိုင်ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ပါသည်။ 


အဆိုပါ တပ်ထောက်ဗိုလ်ကြီး သည်MA-3 ၁ လက် ကျည်ဘောက် ၃ ဘောက် ကျည် (၁၃၀)တောင့်၊ MA-5 (၁)လက် ကျည်ဘောက် (၁)ဘောက် ကျည် (၁၁) တောင့် နှင့် အီနာဂါ ဗုံးသီး (၄) လုံး စသည့်လက်နက်ခဲယမ်းနှင့်အတူ KNLA တပ်မဟာ ၆ ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟုဆိုသည်။


ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်အား KNLA တပ်မဟာ ၆ မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (၇,၀၀၀,၀၀၀) သိန်းခုနှစ်ဆယ်ကျပ် ကူညီထောက်ပံ့ပေးခဲ့သည်။ 


KNU တပ်မဟာ ၆ နယ်မြေအတွင်း နေရာအနံ့ တိုက်ပွဲများ နေ့စဥ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအများအပြားသည်လည်း KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျှက်ရှိနေသည်။


ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ သော်လည်းကောင်း ကျဆင်းလာသည့်အတွက် အထက်အမိန့်အား ဖီဆန်၍ KNLA တပ်မဟာ ၆ ထံသို့ အများအပြား လာရောက်ပူးပေါင်းခြင်းများရှိခဲ့သည်ဟုဆိုသည်။


ဓာတ်ပုံ - KNU ကရင်အမျိုးသားအစည်းအရုံးထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်ထောက်ဗိုလ်ကြီး တစ်ဦး နှင့် KNLA မှ အရာရှိတစ်ဦး။


#Salweenpress #KNU #KNLA #Burma #Myanmar

1 comment:

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...