Monday 1 July 2024

မန္တလေးမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်မှု ဆုငွေ ကျပ် သိန်း ၈၀ ကျော် ချီးမြှင့်


 မန္တလေးမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်မှု  ဆုငွေ ကျပ် သိန်း ၈၀ ကျော် ချီးမြှင့်


ရန်ကုန်၊ ဇူလိုင် ၁ 


မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ တပ်မှ တပ် ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်လာရာ ငွေကျပ် သိန်း ၈၀ ကျော် ဆုချီးမြှင့် ပေးမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ Yoma Yar Zar PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာတွင် တာဝန်ကျနေသော စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦးသည် MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၂၃၉ တောင့်နှင့်အတူ စစ် ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်း Yoma Yar Zar တပ်ဖွဲ့ထံသို့ ခိုလှုံဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။


“ကျနော်တို့တပ်ရင်းမှာရှိတဲ့ သူ့ရဲ့ ညီနဲ့ ချိတ်ဆက်ဝင်လာတာ။ ဆုငွေကတော့ အခုလောလောဆယ် သတ်မှတ်ထားတာက NUG က ပေးတာရယ်၊ ကျနော်တို့တပ်ရင်းကရယ်၊ သိန်း ၈၀ တော့ပေးမယ့် ပေါ့၊ အလှူရှင်ကိုလည်းတင်ထားသေးတယ်၊ ဘယ်လောက်ပေးမလဲတော့ မသိသေးဘူး၊ အားလုံး ဆိုရင် သိန်း ၈၀ ကျော်မှာပေါ့၊ နောက်ထပ်အလင်းဝင်လာမယ့်သူတွေကိုလည်း ကျနော်တို့ဘက်က ထောက်ပံ့ပေးနိုင်တာနဲ့ နွေးနွေးထွေးထွေးနဲ့ လက်ကမ်းကြိုဆိုနေပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ Yoma Yar Zar PDF တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။


အလင်းဝင်ရောက်လာသူတပ်ကြပ်ကို တပ်ရင်းမှူးနှင့် ရဲဘော်များ၊ ပြည်သူများက နွေးထွေးစွာကြိုဆို ခဲ့ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်ထားကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံရန် ပြီးခဲ့သည့် မေလ ၁၅ ရက် နေ့ကတည်းက ဆက်သွယ်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...