Saturday 27 July 2024

လားရှိုးမြို့ရှိ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေ




 လားရှိုးမြို့ရှိ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေ


ရန်ကုန်၊ ဇူလိုင် ၂၇


ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေကြောင်း MNDAA က ပြောဆိုသည်။


ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် MNDAA တပ်၏ အမြောက်တပ်ရင်းများ ပူးပေါင်း၍ လားရှိုးမြို့ ဟိုပိတ် တိုးဂိတ်၌ ကျန်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်ဖွဲ့ဝင်များကို စတင် တိုက်ခိုက်ခဲ့ကာ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်တွင် တိုးဂိတ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 


လက်ရှိချိန်တွင် MNDAA တပ်ဖွဲ့ဝင်များသည် တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်သား အလောင်း အကြွင်းအကျန်များကို ရှင်းထုတ်နေကြောင်း သိရှိရသည်။


ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၄၁ တပ်ရင်း နှင့် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တို့ကို MNDAA တပ်က သိမ်းပိုက်နိုင်လိုက်ကြောင်း သိရသည်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...