Thursday 22 August 2024

မြိုင်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်၊ စကစ(၉)ယောက်သေပြီး အရှင်(၅)ဦးဖမ်းဆီးရမိ


 မြိုင်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်၊

စကစ(၉)ယောက်သေပြီး အရှင်(၅)ဦးဖမ်းဆီးရမိ


မျက်မှောက်ခေတ်၊ဩဂုတ်(၂၂)


မကွေးတိုင်း မြိုင်မြို့နယ်ရွာသစ်ကျေးရွာဘုန်း

တော်ကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်

ကောင်စီတပ်ကိုဒေသခံတော်လှန်ရေးပူးပေါင်း

တပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့၀င်(၉)

ဦးသေဆုံးပြီး သေနတ်(၁၉)လက်နဲ့ခဲယမ်းတွေ

သိမ်းဆည်းနိုင်ခဲ့တယ်လို့အညာမြေတပ်ပေါင်း

စုက သတင်းထုတ်ပြန်ပါတယ်။


မြိုင်မြို့နယ်တောင်ပိုင်း တွင်းမ ပျူစောထီးစ

ခန်းကနေ မြိုင် ကပစ ဘက် စစ်ကြောင်းထိုး

လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၇၀)၀န်းကျင်ကို

ဩဂုတ်လ (၁၉)ရက်နေ့က စတင်တိုက်ခိုက်ခဲ့

တာဖြစ်ပြီး (၂၁)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့

၀င်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေသိမ်း

ဆည်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င် အ

သေ(၉)ယောက်၊အရှင်(၅)ယောက် ဖမ်းဆီးနိုင်

ခဲ့ပြီး G3( ၂ )လက်၊MA 1( ၆ )လက်၊MA2 (၃)

လက်၊ MA3 (၄)က်၊MA4 (၁)လက်၊MA11 (၁) လက်၊ 79 မမ (၁)လက်နဲ့ 89 မမ(၁)လက် သိ

မ်းဆည်းနိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်

မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပိုက်ဆံ (၁၃၀၀၀၀)ကျပ်၊ဖုန်း(၂)လုံး

နဲ့ ခဲယမ်း၊ကျည် စတဲ့ စစ်သုံးဆက်စပ်ပစ္စည်း

တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


မြိုင်နယ်၊ရွာသစ်ကျေးရွာဘုန်းတော်ကြီးကျော

င်းမှာ တပ်စွဲနေထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ကို အ

ညာမြေတပ်ပေါင်းစုနှင့်အတူ ပခုက္ကူ တပ်ရင်း (၂၊၆၊၇၊)၊Earthquake ၊ ပကဖ တပ်ရင်း ၁၊ဝံပု

လွေပျောက်ကြားတပ်ဖွဲ့၊ဒို့ညီနောင်ပျောက်ကြားတပ်ဖွဲ့၊black Godနဲ့ justice revolution 

force တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်

တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...