Friday 23 August 2024

ကြာအင်းဆိပ်ကြီး၊ ခလရ ၃၂ မှ တပ်သား ဇင်မင်းအောင် လက်နက်ခဲယမ်းများနှင့်တကွ KNU ထံတွင်ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် တော်လှန်မည်



 ကြာအင်းဆိပ်ကြီး၊ ခလရ ၃၂ မှ တပ်သား ဇင်မင်းအောင် လက်နက်ခဲယမ်းများနှင့်တကွ KNU ထံတွင်ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် တော်လှန်မည်


ရန်ကုန်၊ ဩဂုတ် ၂၃ 


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ မှ တပ်သား ဇင်မင်းအောင်သည် လက်နက်ခဲယမ်းများနှင့်တကွ KNU ထံတွင် ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် တော်လှန်မည်ဖြစ်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ 


 သြဂုတ်လ ၁၉ ရက်နေ့ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ အသက် ၂၁ နှစ် အရွယ်ရှိ တပ်သား ဇင်မင်းအောင်သည် MA-1 ၁ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် တောင့် ၂၀၆ တောင့်၊ အီနာဂါ ဗုံး ၁ လုံး ၊ အီကွေးမင့် ၁ စုံ တို့နှင့်အတူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ၊ တပ် ရင်း ၁၇ ထံသို့ လက်နက်ချ ပူးပေါင်းလာကြောင်း သိရှိရသည်။ 


KNU ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းခဲ့ပြီး တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်ကို ပြန်လည်တော်လှန်မည့် အဆိုပါ တပ်သား ဇင်မင်းအောင်အား ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၆ က သတ်မှတ်ထားသည့် ထောက်ပံ့မှု ပမာဏအတိုင်း ထောက်ပံ့ကူညီပေးခဲ့ပြီး ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ် ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...