Wednesday 18 September 2024

ထန်တလန်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 ထန်တလန်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၈ 


ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ လိုင်ဗီလာတည်းခိုခန်းစ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။


ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ထန်တလန်မြို့ပေါ်ရှိ အ ကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို ချင်းတော် လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၇ ဦးခန့်သေဆုံးပြီး အခြားစစ်သားများမှာ ဒဏ် ရာ အများအပြားရရှိထွက်ပြေးသွားကြောင်း၊ စစ်သားများ ကျန်ရစ်ခဲ့သောလက်နက် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ထန်တလန်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာက ၄ ခုရှိတာပေါ့၊ အဲဒီထဲက လိုင်ဗီလာဆိုတဲ့ နေရာတစ်ခုတော့ မနေ့က ၁၁ ခွဲကနေစပြီးတော့ စစ် ဆင်ရေးစတယ်၊ ညနေ ၄ နာရီလောက်မှာ အပြီး အပိုင်သိမ်းပိုက်နိုင်ခဲ့တာပေါ့။ လက် နက်ခဲယမ်းတွေလည်းသိမ်းရရှိထားတယ်၊ စကစ ၇ ဦးလောက် သေတယ်။ ဒဏ်ရာရတဲ့ဟာလည်းရှိတယ်။ ဒီစစ်ဆင်ရေးမှာက Chin land အစိုးရ တပ်ဖွဲ့တွေနဲ့ ၁၅ ဖွဲ့လောက်ပါတာပေါ့။ လက်နက်ကတော့ တော်တော်များများရခဲ့ပါတယ်၊ကျည်ဆန် တို့၊ တခြားပစ္စည်း တွေရောပေါ့၊ တော်တော်များများရခဲ့တယ်လို့ပြောလို့ရပါတယ်။ ကျန်နေတဲ့စခန်းကို ဆက်လက်ထိုး စစ်ဆင်တိုက်နေတာမို့ မကြာခင်အောင်မြင်တော့မှာပါ” ဟု CDF ထန်တလန်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ထန်တလန် ဒေသကာကွယ်ရေးတပ်ဖွဲ့ (Thantlang-CDF) ၊ ဟားခါးဒေသကာကွယ်ရေးတပ်ဖွဲ့ (Hakha-CDF) နှင့် ချင်းလဲန်းကောင်စီ လက် အောက်ခံတပ်ဖွဲ့များဖြစ်သည့် CDF အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ချင်းတော်လှန် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။


ထန်လန်မြို့ပေါ်တွင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများမှာ ထန်တလန် မြို့မရဲစခန်း၊ CB Bank နှင့် ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးတို့ဖြစ်ပြီး အကြမ်းဖက် စစ်သား အင်အား ၁၀၀ ကျော်ခန့် တပ်စွဲထားကြောင်း ၊ ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို လည်း ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။


ဓာတ်ပုံ- စစ်တပ် တပ်စွဲထားသော လိုင်ဗီလာတည်းခိုခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရှင်း လင်းနေစဉ်။

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...