Monday 16 September 2024

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်


 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်


ရဲခေါင်/People's Spring


ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။


ယနေ့( စက်တင်ဘာ ၁၆ ရက်) နေ့လည်ပိုင်းတွင် သေနတ် ၄လက်နှင့် ကျည်များ ယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNF/CNA)ထံ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။


"အလင်းဝင်တဲ့ရဲတွေက ထန်တလန်မြို့ပေါ်က Lai Villa တည်းခိုခန်းအဆောက်အအုံမှာ ခြေကုပ်ယူတပ်စွဲထားတဲ့သူတွေ"ဟု ချင်းပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


Lai Villa၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CNA က ယမန်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။


CNAက ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးကို ဇူလိုင်၂၂ ရက်ကစတင်နေခြင်းဖြစ်ပြီး ထန်တလန်မြို့ပေါ်မှ စစ်ကောင်စီအမာခံတပ်ကုန်းနှင့် ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ စခန်း ၈ခုကို သိမ်းပိုက် ထားသည်။


ထို့အပြင် စက်တင်ဘာ ဒုတိယပတ်အတွင်း ထန်တလန်မြို့တိုက်ပွဲများအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကြောင်း CNAပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အသိပေးထားသည်။


ထန်တလန်မြို့တွင် စစ်ကောင်စီ၏ ခလရ(၂၆၉ ) တပ်ရှိပြီး မြို့ပေါ်နေရာလေးခုခန့်တွင်လည်း တပ်စွဲထားကြောင်း သိရသည်။


(ယနေ့ နေ့လည်က ထန်တလန်မြို့ပေါ်မှ အလင်းဝင်လာသည့် ရဲသုံးဦးနှင့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - CR News)

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...