ရှမ်းမြောက်နဲ့ မန္တလေးတိုင်းစစ်ရေး
အခြေအနေပြအင်ဖိုဂရပ်
-People's Spring
TNLAက သီပေါမြို့ကို အောက်တိုဘာ ၁၃ ရက်နေ့မှာအပြီးသတ် သိမ်းပိုက်ခဲ့တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း မှာ TNLA ဦးဆောင်သိမ်းပိုက်ခဲ့တဲ့မြို့ ၅ မြို့ရှိလာပါတယ် ။ TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇွန် ၂၅ ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချို ၊မိုးကုတ် ၊မိုးမိတ် ၊ကျောက်မဲ နဲ့ သီပေါမြို့တို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင်လားရှိုး မြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ် ။ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က လည်း ၁၀၂၇ ဒုတိယလှိုင်းနဲ့တချိန်တည်းရှမ်းမန်းစစ်ဆင်ရေးမှာစဥ့်ကူးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို မတ္တရာမြို့က စစ်စခန် ၃၀ ကျော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ တချိန်တည်းမှာပဲ PDF တွေ ၊ပကဖတွေနဲ့ ပူးပေါင်းတပ်တွေကလည်း မန္တလေးတိုင်းက တကောင်းမြို့နဲ့ သပိတ်ကျင်းမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။
ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်
စီတပ်ဟာ မူဆယ်မြို့၊နမ့်လန်မြို့ ၊ မိုင်းရယ်မြို့ မှာနဲ့ နောင်ချိုမြို့နယ်ထဲက တောင်ခမ်းအမြောက်တပ်စခန်းအချို့ပဲကျန်တော့တာဖြစ်ပါတယ်
Done✊
ReplyDeleteDone
ReplyDeleteDone ✅
ReplyDelete