Monday, 28 October 2024

အမ်း နပခအနီးတိုက်ပွဲဆက်လက်ပြင်းထန်


 အမ်း နပခအနီးတိုက်ပွဲဆက်လက်ပြင်းထန်


 ▪︎မြို့ခံများကို စစ်ကောင်စီ ပြင်ပထွက်ခွင့်မပြု


ဇော်ရမ်း/People's Spring 


အမ်းမြို့တိုက်ပွဲသည် အနောက်ပိုင်းတိုင်းစစ်ဌာ

နချုပ်(နပခ)အနီး၌ အပြင်းထန်ဆုံးဖြစ်နေပြီး စစ်ကောင်စီက မြို့ခံများကို ပြင်ပသို့ထွက်ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။


အမ်းမြို့နယ်အ‌ခြေစိုက် စစ်ကောင်စီတပ်ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)

တို့သည် နပခ၌ သွားရောက်ပူးပေါင်းနေပြီး အာရက္ခတပ်တော်(AA)က နပခကို အဓိကထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု မြို့ခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။


"တိုက်ပွဲက နပခနားရောက်နေတာ။ အရမ်းပြင်း

ထန်တယ်။ စစ်ကောင်စီက လေကြောင်းဆက်

တိုက်ပစ်တယ်။ ပုသိမ်ကရော၊ မကွေးကရော လာတာ။ဒေသခံ‌တွေအတွက်က လေကြောင်းရန် ပြ

ဿနာပါ" ဟု မြို့ခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။


တိုက်ပွဲပိုပြင်းထန်‌လာချိန်၌ စစ်ကာင်စီသည် မြို့ပေါ်ရပ်ကွက်များကို ပိတ်ဆို့လိုက်ပြီး ဒေသခံများအား ပြင်ပသို့မထွက်ခိုင်းတော့ကြောင်း သိရသည်။


" စစ်ကောင်စီက မြို့ကို အကာအကွယ်ယူတော့မယ်။ မြို့မှာက လူအများကြီးမကျန်ဘူး။ ဒါပေမယ့် ရှိတော့ရှ်ိနေသေးတယ်။ မြို့မှာ ကျန်နေသူတွေအတွက် လုံခြုံရေးပြဿနာရှိလာပြီ"ဟု လက်

ရှိတွင် အမ်းမြို့၌ရှိနေသူတစ်ဦးကပြောသည်။


အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်

တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး

နပခ၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်သော မဲတောင်ဗျူဟာနှင့် ရှေ့တန်းစခန်းများကိုအောက်

တိုဘာလ ၆ရက်ည‌နေ၊ ခမရ(၃၇၃)နှင့် အမြောက်ကုန်းဟု ဒေသခံများကခေါ်သည့်ကမ်းဒိတ်တောင်

စခန်းကို အောက်တိုဘာလ၁၁ ရက်နေ့ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။ 


AAက အမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် စက်တင်

ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ထားပြီး ယင်းနောက်ပိုင်း စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်၍ သီးခြားသတင်းမထုတ်ပြန်သေးပေ။စက်တင်ဘာလ ၂၇ရက်က ထုတ်ပြန်ရာ၌ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆

၊ ၃၇၂ ၊၃၇၃တပ်ရင်းများ စုပေါင်းထားသော စစ်

ကြောင်းနှင့် ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်း

ရမိခဲ့ကြောင်း ဖော်ပြထားသည်။စစ်ကောင်စီ

တပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။  


ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍ အောက်တိုဘာ၂၂ရက်က သတင်းထုတ်ပြန်ထားမှုတွင် အမ်း၊ မောင်တော၊ ကျိန္တလီနှင့် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။ 


ထိုအပြင် အာရက္ခတပ်တော်သည် အောက်တိုဘာ ၂၇ ရက်တွင် မောင်တောမြို့နယ် တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီ၏ နခခ (၅) ကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ရာတိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။စစ်ကောင်စီတပ်က လေကြောင်းမှပစ်ကူပေး၍ စခန်းမကျအောင် ခုခံနေကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ နခခ (၅)တွင် ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဖြစ်ပြီး ဘူးသီးတောင်အပါအဝင်ကျန်နယ်များမှ ထွက်ပြေးလာသောတပ်ရင်းများ နှင့် ဒေသခံတပ်များအပြင် စစ်ကူများစွာပေးပို့၍ စခန်းမကျအောင်ခုခံနေပြီး လေကြောင်း၊ရေကြောင်းအသုံးပြု၍ ပစ်ကူပေးကာခုခံနေခြင်းဖြစ်ကြောင်းသိရသည်။

2 comments:

မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

 မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် ရန်ကုန်၊ နိုဝင်ဘာ ၁၀  မကွေးတိုင်းတွင် အကြမ်းဖက် စစ်တပ်၏...