People's Spring:
▪︎ဆောင်းပါး
ဇခုန်တိန့်ယိန်း အင်ပါယာနေဝင်ချိန်
ယောနသံ/People's Spring
" မထုတ်ပြန်သင့်သော စစ်မိန့်" လို့ KIO/KIA
ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သတိပေးပြီးတဲ့နောက် ကချင်ပြည်နယ်က စစ်ကောင်စီရဲ့ အကြီးဆုံးဒေါက်တိုင်ဦးဇခုန်တိန့်ယိန်းရဲ့ နေဝင်ချိန်ရောက်လာပြီလို့ ကချင်နဲ့မြန်မာ့နိုင်ငံရဲ့အသိုင်းအဝိုင်းမှာ လူပြောများလာပါတယ်။
သူပေးချင်နဲ့မက်ဆေ့တွေကို လူမှုကွန်ရက်ပေါ်ကတစ်ဆင့် လှပသေသပ်တဲ့လက်ရေးနဲ့ရေးထားတဲ့စာလေးတွေတင် အသိပေးလေ့ရှိတဲ့ KIC ဒုတိယဥက္ကဌ ဒုချုပ်ဗိုလ်ချုပ်ကြီးဂွန်မော်ကကချင်ပြည်
နယ် အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း ဇွန်လ ၇ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်မိန့်ကို " မထုတ်ပြန်သင့်သော စစ်မိန့်" လို့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မှတ်ချက်ပြုရေးသားခဲ့တာပါ။
ကချင်ပြည်နယ်မှာစစ်ကောင်စီရဲ့ ပြည်နယ်အစိုး
ရအဖွဲ့ထက်တောင် အာဏာရှိပေမယ့် သိုသိုသိပ်သိပ်နေတတ်တာကြောင့် သွေးအေးတဲ့ ခရိုနီအဖြစ် နာမည်ထွက်နေတဲ့ အသက် ၈၀ ကျော်အရွယ် ဦးဇခုန်တိန့်ယိန်းဟာ သူတူးနေတဲ့ မြေရှားသတ္တု
တွင်းတွေလို ကျင်းနက်နက်ထဲကို ဆင်းသွားပြီလို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုနေကြပါပြီ။
▪︎ဦးဇခုန်တိန့်ယိန်းစစ်မိန့်
၂၀၂၄ခုနှစ် ဇွန်လ ၇ရက်က ထုတ်ပြန်ခဲ့တဲ့ ဦးဇခုန်တိန့်ယိမ်းရဲ့စစ်မိန့်ဟာ ရက်စက်ကြမ်းကြုတ်သလို အတင်းအဖျင်းလည်းဆန်တယ်လို့ ကချင်မျိုးနွယ်စုတိုင်းရင်းသားတွေကိုယ်တိုင် မှတ်ချက်ပေးပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချလှုံ့
ဆော်ပြီး သူ့ရဲ့ နောက်လိုက် အဆင်ခြင်မဲ့ပြည်သူ့
စစ်တပ်ဖွဲ့ဝင်ကို သွေးဆာအောင် မြှောက်ပင့်ခဲ့တာလို့ ပန်ဝါမှာနေတဲ့ ကချင်မျိုးနွယ်စုဝင် လော်ဝေါ်တိုင်းရင်းသူတစ်ဦးက ပြောပါတယ်။
ဦးဇခုန်တိန့်ယိန်းက သူ့လက်အောက်က နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူး တွေနဲ့ ဒေသလက်နက်ကိုင် ပြည်သူ့စစ် ရဲဘော်တွေအနေနဲ့ သူတို့ပိုင်တဲ့ဒေသကို သတ်ဖြတ်၊ ဖျက်ဆီးဖို့ဝင်ရောက်တ််ိုက်ခိုက်လာတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို ယတိပြတ်ခုခံချေမှုန်းကြဆိုပြီး "စစ်မိန့်" ထုတ်ခဲ့တာပါ။နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ မြေတစ်လက်မတိုင်းကို ကာကွယ်ဖို့ ခုခံစစ်ဆင်၊တိုက်ခိုက်၊ချေမှုန်းကြရမယ်လို့ ဆိုထားပါတယ်။
" ကျွန်တော်တို့ ဒေသကိုဝင်ရောက်လာသည့် ရန်
သူမှန်သမျှကို တားဆီးချေမှုန်းကြရမည်။ အိမ်အ
တွင်း ဝင်ရောက်လာသော ရန်သူများ ပြန်မထွက်သွားရန် တိုက်ခိုက်ချေမှုန်းကြပါ။ ရှေ့၊ နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြပါ။ ပြန်လည်ထွက်သွားခွင့်မပေးကြပါနှင့်" လို့ စစ်မိန့်မှာပါသလို တပ်ဖွဲ့ဝင်တွင်အနေနဲ့ သတ္တိကိုမှတ်တမ်းတင်ဖော်ထုတ်ဖို့၊ ငြိမ်းချမ်းသာယာမှုကိုလုံးဝ ဖျက်ဆီးမခံကြဖို့နဲ့ တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်ရဲ့သားကောင်းရတနာများသာဖြစ်ပြီး မိမိတို့ရဲ့မိဘများ၊ သားသ္မီးများကို ကာကွယ်တဲ့တိုက်ပွဲလို့လည်း အမိန့်ပေးထားတာပါ။
ဦးဇခုန်တိန့်ယိန်းဟာ ဆော့လော်၊ချီဖွေ၊ကံပိုက်တီနဲ့ ပန်ဝါမြို့နယ်တွေလို ပြည်မနဲ့ အလှမ်းဝေးတဲ့ ဝေး
လံ ခေါင်ဖျားဒေသတွေမှာ ဓနအင်အား၊ လက်နက်အင်အားတွေကို သံကွန်ချာလိုအုပ်မိုးပြီးသြဇာ
အာဏာထူထောင်ထားသူဖြစ်ပါတယ်။သူ့မိသားစုပိုင်မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ ဘိန်းစိုက်ပျိုးထုတ်လုပ်တာတွေကနေရရှ်ိလာတဲ့ အ
ကျိုးအမြတ်တွေကိုကာကွယ်ဖို့ " စစ်မိန့်"ဆိုပြီး လူငယ်တွေကိုလှည့်စားခဲ့တာလို့ ဦးဇခုန်တိန့်ယိန်း လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ ပန်ဝါကနေ ထွက်လာခဲ့တဲ့ဒေသခံပညာတတ်သူငယ်တဦးကပြောပါတယ်။
"ဦးဇခုန်တိန့်ယိန်းက တဘို့သမားပါ။ ဒေသအပေါ် စေတနာရှိသူမဟုတ်ပါဘူး။ သူ အာဏာမြဲဖို့၊ သူ့မိသားစုချမ်းသာဖို့ပဲ လုပ်နေသူပါ။ မိုးတွင်းတုန်းက သူ့ပိုင်တဲ့ မြေရှားသတ္တုတွင်းတွေ ပြိုလို့ လူတွေသေတာကိုပဲကြည့်။ဒေသခံတွေ၊လူတွေရဲ့အသက်
ကို သူ့အကျိုးစီးပွားလောက် အာရုံမထားတဲ့သူပါ" လို့ အဆိုပါလူငယ်က ဆိုပါတယ်။
၂၀၂၄ ခုနှစ်ရဲ့မိုးတွင်း ဇွန်လ ၄ရက်နဲ့ ဇွန်လ ၁၉
ရက်က ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းမိသားစုပိုင်မြေရှားသတ္တုအတွင်းလုပ်ကွက် နဲ့ သူပိုင်မြေထဲ တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေငှားရမ်းလုပ်ကိုင်တဲ့မြေရှားသတ္ထုတွင်းတွေပြိုကျခဲ့ပါတယ်။ တစ်ကြိမ်မှာသတ္တုတွင်းလုပ်သား ၅၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ လုံလောက်တဲ့လုပ်ငန်းခွင်လုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးကို မလုပ်ခဲ့တာကြောင့်အခုလိုတွေ မရှုမလှသေဆုံးခဲ့ရတာလို့ ဒေသခံအချို့ကပြောခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွက် " ဦးဇခုန်တိန့်ယိန်းက ဝမ်းနည်းကြောင်းစာတစောင်တလေတောင် မထုတ်ပြန်ခဲ့ပါဘူး။သူ့အာဏာနဲ့အကျိုးစီးပွားရေးထိပါးလာတော့
မယ့် အရိပ်အယောင်ကိုမြင်ချိန်ကျတော့ " ဦးဇခုန်တိန့်ယိန်းစစ်မိန့်ပေးပါသည်" ဆိုပြီး လူငယ်တွေကို စစ်မြေပြင်ရဲ့ရှေ့တန်းဆီ တွန်းပို့ခဲ့တာပါ။
▪︎ကချင်ခရိုနီရဲ့နောက်ကြောင်းရာဇဝင်
ဦးဇခုန်တိန့်ယိန်းဟာ ၁၉၆၈ခုနှစ် အရှေ့ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ အရာရှိငယ်တစ်ဦးဖြစ်ပါတယ်။ ၁၉၆၈မှာ တရုတ်အစိုးရရဲ့ စနက်ကြောင့် KIAကနေ ခွဲထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ ပူးပေါင်းခဲ့ပါတယ်။ဗကပ(၁၀၁)စစ်ဒေသရဲ့ စစ်ဒေသမှူးအနေနဲ့ ကန်ပိုက်တီး၊ ပန်ဝါဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့မှာ စစ်တပ်ကိုတော်လှန်တိုက်ခိုက်ခဲ့ပါသေးတယ်။
၁၉၈၉ ခုနှစ်မှာ ဗကပ ပြိုကွဲသွားခဲ့ပါတယ်။ ဦးဇခုန်တိန့်ယိန်းဟာ ၁၉၉၀မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး ယခင် ဗကပ ၁၀၁ စစ်ဒေသကို ကချင်အထူးဒေသ (၁) အဖြစ် သတ်မှတ်ကြေညာပြီး စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်ဖြစ်လာခဲ့တာပါ။ သူရဲ့လမ်းမှားဟာ အဲဒီအချိန်ကနေစတင်ခဲ့ပါတယ်။
တိုင်းရင်းသားလက်လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေး စစ်အစိုးရရဲ့အစီအစဉ်နဲ့အတူ ဦးဇခုန်တိန့်ယိန်းက ၂၀၀၉မှာဒီမိုကရေစီသစ်တပ်မတော်-ကချင် (NDA-K) အမည်နဲ့ စစ်တပ်ခိုင်းတိုင်းလုပ်တဲ့ ကချင်ပြည်နယ်နယ်
ခြားစောင့်တပ်ဖြစ်လာပါတယ်။
ဒါ့အပြင် သူက ၂၀၁၉ခုနှစ်မှာ ဒီမိုကရေစီပါတီသစ် (ကချင်)ကို တည်ထောင်ပြီး ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ်တွေမှာ ရွေး
ကောက်ပွဲဝင်ပြိုင်ခဲ့ပါသေးတယ်။ ပါတီမှာ သူက နာယကဖြစ်ပြီး သူ့သားဇခုန်ယိန်းဆောင်က ပါတီဒုတိယဥက္ကဌတာဝန်ယူထားတာပါ။ သူအပြည့်အဝထိန်းချုပ်ထားတဲ့ဒေသမှာ စိတ်တိုင်းကျစည်းရုံးပြီးရွေးကောက်ပွဲဝင်နိုင်တာကြောင့် လွှတ်တော်အမတ် အနေနဲ့ နေပြည်တော်မှာတောင်လွှတ်တော်တက်ခဲ့ပါသေးတယ် ။ ရွေးကောက်ပွဲမဲဆွယ်ကာလတွေမှာ ကြံ့ဖွံ့ပါတီကို သူ့ဒေသမှာစည်းရုံးခွင့်ပြုပေမယ့် NLD ပါတီက စည်းရုံးသူတွေကို သူ့လက်အောက်ငယ်သားတွေက ရိုက်နှက်အကြမ်း
ဖက်ခဲ့ပါသေးတယ်။သူထိန်းချုပ်တဲ့ ဒေသတွင်းမှာ တစ်ဖက်က လက်နက်ကိုင်၊ တစ်ဖက်က အာဏာနဲ့လုပ်ပိုင်ခွင့်ကို အမိအရဆုပ်ကိုင်ပြီး ခြယ်လှယ်ဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ လှုပ်ရှားနေတယ်လို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းကဆိုပါတယ်။
ဦးဇခုန်တိန့်ယိန်းနဲ့ သူ့မိသားစုဟာ သူတို့ထိန်းချုပ်ထားတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ ဝိုင်းမော်မြို့
နယ်က ဒေသအချို့ပါဝင်တဲ့ ကချင်အထူးဒေသ
(၁)ထဲမှာ မြေရှားသတ္တုဖော်တဲ့လုပ်ငန်းတွေ၊ ပေါ်ပေါ်ထင်ထင်မဟုတ်တဲ့ ဘိန်းဖြူစိုက်ပျိုးတဲ့လုပ်
ငန်းတွေ၊ ဖျော်ဖြေရေးနဲ့ လောင်းကစားလုပ်ငန်းတွေနဲ့ နေ့ချင်းညချင်းအကျိုးစီးပွားဖြစ်ထွန်းလာကြတယ်လို့ အဲ့ဒီဒေသက အရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။
ဦးဇခုန်တိန့်ယိန်းမိသားစုဟာ ဒေသရဲ့ သယံဇာတကို မြေလှန်ခဲ့ပြီး ရရှိတဲ့အကျိုးအမြတ်ကို စစ်တပ်နဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်ခဲ့တာကြောင့် ဒေသဟာ ဖွဲ့ဖြိုးမှုနောက်ကျနေတယ်လို့ ဆိုကြပါတယ်။ ဒီမိသားစုရဲ့ မြေရှားသတ္တုဖော်တဲ့လုပ်ငန်းတွေနဲ့ဘိန်းဖြူစိုက်ပျိုးတဲ့လုပ်ငန်းတွေကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာဆိုရင် အရပ်ဖက်မူးယစ်ဆေးဝါတိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ ပက်ဂျိဆန်အဖွဲ့တွေကို အထူးဒေသ ၁ ထဲလာတာမှာ သူ့လက်အောက်ခံလက်
နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်ခဲ့ပါတယ်။ဒါကြောင့် ဇခုန်တိန့်ယိန်းမိသားစုကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြမှုတွေ ကချင်ပြည်နယ်ရဲ့မြို့
တော် မြစ်ကြီးနားမှာ ရက်အတန်ကြာဖြစ်ခဲ့ပါတယ်။
ပြည်မနဲ့ ဝေးပြီး ဆက်သွယ်ရေးခက်ခဲတဲ့ လူအဖွဲ့အစည်းရဲ့ မမြင်ကွယ်ရာအရပ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် သူ့မိဟားစု ဒေါ်လာသန်းကြွယ်သူဌေးဖြစ်နေပေမယ့် ဒေသကတော့ ဝဋ်နာကံနာ ဝေဒနာသည်လို ဆိုးဆိုးဝါးဝါးပျက်စီးနေပြီလို့ ဆိုပါတယ်။ မြေရှားသတ္ထုတွင်းတွေကြောင့်ဒေသခံပြည်သူတွေတဲ့ ယာမြေတွေ ၊တောတောင်ရေမြေတွေပျက်စီးခဲ့ပေမယ့်သူတို့မိသားစုရဲ့ ဘဏ္ဍာရေးကပိုတောင့်လာပါတယ်။ငွေပိုရလာပေမယ့် လမ်းဖောက်တာ ၊မီးပေးတာစတဲ့ဒေသဖွံ့ဖြိုးရေးမလုပ်ပေးခဲ့ပါဘူး။
ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်ဆိုတဲ့ စစ်ဆေးမှုတွေဟာ မှားယွင်းကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်နေတယ်လို့ ဦးဇခုန်တိန့်ယိန်းရဲ့ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်က ၂၀၂၀
ခုနှစ် အောက်တိုဘာလအတွင်းမှာ ဧရာဝတီသ
တင်းဌာနကတဆင့် ဖြေရှင်းခဲ့ဖူးပါတယ်။
ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချီဖွေ နဲ့ ပန်ဝါဒေ
သအပါအဝင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ဒေသဟာ တရုတ်ရဲ့ မြေရှားသတ္တုလိုအပ်ချက်ကို အ
လွန်အမင်းဖြည့်ဆည်းပေးနေရတာပါ။ ဒေသထွက် မြေရှားသတ္တုရဲ့ ၇၅ ရာခိုင်နှုန်းဟာ တရုတ်ကို တင်ပို့တာဖြစ်တယ်လို့ စစ်တမ်းတွေကဆိုပါတယ်။
" မြေရှားသတ္တုရိုင်းကို တရုတ်တွေ စိတ်တိုင်းကျ ထုတ်ယူနေတာ ထင်ရှားပါတယ်" လို့ ၂၀၂၂ ခုနှစ်ဇွန်လက ထုတ်ခဲ့တဲ့ VOA ရဲ့သတင်းတစ်ပုဒ်မှာ ဆောင်းပါးရှင်က ရေးသားထားပါတယ်။
ဒီအခြေအနေတွေကနေ စစ်ကောင်စီနဲ့ ဦးဇခုန်တိန့်ယိန်း အကျိုးအမြတ်ရနေတယ်လို့ ကချင်တိုင်း
ရင်းသားတွေက ပြောပါတယ်။ ဒါကြောင့်ပဲ သူရဲ့ အမည်နဲ့ အကျိုးစီးပွားကို ကြောင်လက်သည်းဝှက်သလို ဝှက်ပြီး ကန့်လန့်ကာနောက်ကွယ်မှာနေတတ်တဲ့ ဦးဇခုန်တိန့်ယိန်းဟာ ဒေသကို လက်
လွှတ်ရတော့မယ့် စိုးရိမ်မှုတွေနဲ့အတူ စစ်မိန့်ပြီး လူသိရှင်များထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဦးဇခုန်တိန့်ယိန်းအတွက် နောက်ကျသွားခဲ့ပြီလို့ ကချင်နိုင်ငံရေးအသိုင်းအဝိုင်းကဆိုပါတယ်။
▪︎ရေခဲတောင်အနီးက KIAရဲ့တိုက်ခိုက်ရေးစွမ်းရည်
ဦးဇခုန်တိန့်ယိန်းရဲ့ စစ်မိန့်ဟာ " မထုတ်ပြန်သင့်သော စစ်မိန့်" လို့ KIA စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောကြားပြီးတော့နောက်ပိုင်းရက်တွေမှာပဲ ကချင်ပြည်နယ်အထူးဒေသ(၁)ထဲမှာရှိနေတဲ့ စစ်ကောင်စီစခန်းတွေ၊ နယ်ခြားစောင့်တပ်ရင်းတပ်ဖွဲ့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်က ဆက်တိုက်ထိုးစစ်ဆင်သိမ်းယူခဲ့ပါတယ်။ ဦးဇခုန်တိန့်ယိန်းရဲ့ စစ်မိန့်ဟာ သူရဲ့ တပ်ဖွဲ့ဝင်တွေအပေါ် လွှမ်းမိုးမှုလုံးဝမရှိခဲ့ဘဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊ ပြည်
သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ စခန်းတွေကို အလွယ်
တကူလက်လွှတ်ပြီး ဆုတ်ခွာထွက်ပြေးကြတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အခုဆိုရင် KIA ရဲ့ ထိုးစစ်ဟာ ဦးဇခုန်တိန့်ယိန်းရဲ့ NDA-K ဌာနချုပ် ပန်ဝါမြို့ကိုပါအောက်တိုဘာ ၁၈ ရက်ညမှာ သိမ်းယူပေးတဲ့အထိ အောင်မြင်ခဲ့ပါပြီ။ချီဗွေ၊ဆော့လော် ၊ပန်ဝါမြို့တွေ အပါအဝင် နယ်ခြားစောင့်တပ်စခန်းတွေ ၊ပြည်သူ့စစ်စခန်းတွေ ၊ စစ်တပ်စခန်းတွေကို KIA ၊KPDF နဲ့ ပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်တာပါ။လက်နက်ခဲယမ်းအများပြားကိုလည်း KIA က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုဆိုရင် ကန်ပိုင်တီးမြို့၊ဂမ်ခွန်းကျေးရွာအနီး က အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIAက အပြီးသတ်သိမ်းပိုက်ဖို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။
တိုက်ပွဲတွေဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲစစ်ကောင်စီတပ်ရဲ့ ဒေါက်
တိုင်တွေကို အမြစ်ဖြတ်ရှင်းလင်းနေတဲ့တိုက်ပွဲဖြစ်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ထုတ်ဖော်ပြောကြားထားပါတယ်။ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင် လုပ်ဆောင်ပေးနေတဲ့ရန်သူကို တိုက်ခိုက်သွားမှာဖြစ်ပြီး ဒီတော်လှန်ရေးမှာ ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဦးဇခုန်တ်ိန့်ယိန်းဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲပြီး လက်နက်နဲ့ ရာထူးပေးအပ်ပွဲကို ၂၀ဝ၉ခုနှစ်နိုဝင်ဘာလ (၈) ရက်မှာ NDAKရဲဲ့ ဌာနချုပ်ပန်ဝါမြို့ မှာကျင်းပခဲ့တာပါ။
လက်ရှိ စစ်ကောင်စီဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ အဲဒီအချိန်တုန်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးအဖြစ်နဲ့ တက်ရောက်ပြီး ဦးဇခုန်တ်ိန့်ယိန်းရဲ့ လက်ထဲကို လက်နက်တွေအပ်နှံပေးခဲ့တာပါ။ နောင်၁၅နှစ်အကြာ လက်ရှိအခြေအနေမှာတော့ ပန်ဝါကိုလည်း KIA က သိမ်းယူလိုက်သလို စစ်ကောင်စီရဲ့ ဒုတိ
ယခေါင်းဆောင်လည်း နိုင်ငံတော်အာဏာကိုသိမ်း
ယူခဲ့တဲ့ သူတို့ဖော်တဲ့ ဆေးသူတို့မနိုင်တော့ဘဲ ကျရှုံးနိုင်ငံရေးဝဲဂယက်မှာ အကျပ်ရိုက်နေပြီဖြစ်ပါတယ်
စစ်အာဏာရှင်ရဲ့ ပစားပေးမှုနဲ့အတူ ဩဇာကြီးလာတဲ့ ဦးဇခုန်တ်ိန့်ယိန်းလည်း သူတချိန်လုံး ကုတ်တွယ်ထားတဲ့ ဒေသတွေ၊ အကျိုးစီးပွားတွေနဲ့ ဩဇာအာဏာကို လက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ယခုဆောင်းပါးအတွက် မေးမြန်းရန် ဦးဇခုန်တိန့်ယိန်း ဇွန်လ၇ရက်ကထုတ်ပြန်ခဲ့သည့် စစ်မိန့်ပါ ဖုန်းနံပတ်များကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရခဲ့ပေ။
" ဇခုန်တိန့်ယိန်းက တရုတ်နဲ့ စစ်တပ်အလိုကျနေတဲ့ ပုတ်သင်ညိုတစ်ကောင်ပဲ။ အကင်းပါးတယ်။ သိုသိပ်တယ်။ နိုင်ငံရေးအမြင်ကတော့ KIA ခြေ
ဖျားကို မမီတော့ ဒီကနေ့ သူ့ကျဆုံးခန်းရောက်လာတာ" လို့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးကပြောပါတယ်။ ။
Done
ReplyDeleteDone ✅
ReplyDeleteDone
ReplyDelete