Saturday 31 December 2022

မြန်မာ့အရေးကို ပုပ်ရဟန်းမင်းကြီးမမေ့သော်လည်း သံဃာတော်ကြီးများက ရေငုံနှုတ်ပိတ်နေဟုဆို

 


Photo - Pope Francis (Vatican news)

မြန်မာနိုင်ငံအရေးကို ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်နေ့တွင် ထည့်သွင်းပြောကြားခဲ့သော်လည်း ထေကြီးဝါကြီး သံဃာတော်ကြီးများမှာ မြန်မာပြည်သူတိုနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ် မသိချင် ယောင်ဆောင်နေကြကြောင်း ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကဆိုသည်။


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီဇင်ဘာ၂၅ရက်၊စိန့်ပီတာကျောင်းတော်၌ ကျင်းပသည့် ခရစ္စမတ်နေ့ အခမ်းအနားတွင် “ယီမင်နိုင်ငံမှာ ငြိမ်းချမ်းရေး အဓွန့်ရှည်စေဖို၊ မြန်မာနဲ့ အီရန်မှာ ပြန်လည်သင့်မြတ်ဖိုနဲ့ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို အလင်းပြနိုင်ပါစေ”ဟု မိန့်ကြားခဲ့ကြောင်း VOA ကဖော်ပြသည်။


“ပုပ်ရဟန်းမင်းကြီးဟာ စစ်အုပ်စုသတ်ဖြတ်ညှင်းပန်းခြင်းခံနေရတဲ့ မြန်မာပြည်သူတွေနဲ့ပတ်သက်ပြီး အခါအားလျော်စွာ မမေ့မလျော့ထည့်သွင်းပြောကြားလေ့ရှိတယ်။ ကျွန်တော်တိုရဲ့ မြန်မာဆရာတော် ကြီးတွေကတော့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး သူတိုနဲ့မဆိုင်သလို နေရုံတင်မကဘူး။မြန်မာပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံနေရတာကိုလည်း ဘာမှဝင်မပြောဘဲ နေတာ အင်မတန်ဝမ်းနည်းစရာကောင်းတယ်”ဟု ၎င်းကပြောသည်။

[English Below]

Although the Pope Francis has not forgotten to speak about the Myanmar affairs, the Myanmar venerable monks are keeping their mouths shut

“The Pope Francis brought up and spoke Myanmar affairs on Christmas Day, but the venerable monks of Myanmar pretended that they do not know about Myanmar affairs and Myanmar people who are killed and violented by the SAC and they are keeping their mouths shut,” a Yangon-based political analyst said.

On 25 December, the Pope Francis spoke that at the Christmas Day ceremony held at St. Peter’s Cathedral, “Let’s be last peace in Yemen”, and “Let’s end to the bloodshed and shine a light on reconciliation in Myanmar and in Iran,” VOA reported.

 The Pope Francis spoke about the Myanmar people who are being killed and tortured by the SAC from time to time. He does not forget to speak about Myanmar issue. Our Myanmar venerable monks act like they don't have anything to do with the Spring Revolution and they do not speak anything that the Myanmar people are being killed and violented by the SAC. It is very sad," he said.

Source News: Myanmar Pressphoto Agency Facebook 

1 comment:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...