တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့
မြို့ပေါင်း ၈၂ မြို့
▪︎PDF တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈ မြို့ရှိလာ
-ဒီပ/ People's Spring
ပင်လည်ဘူးမြို့ကို PDF တွေနဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက်မှာ အပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေသိမ်းပိုက် ထိန်းချုပ်ထားတဲ့မြို့ ၈၂ မြို့ရှိလာပြီဖြစ်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန နဲ့ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှု နဲ့ PDF တွေနဲ့ပူးပေါင်းတပ်တွေဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၊ လေကြောင်းကနေစစ်ကူအကြိမ်ကြိမ်ပို့မှုတွေကြားကနေ ၅၃ ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။ဒါကြောင့် စစ်ကိုင်းတိုင်းမှာ PDF တွေတိုက်ခိုက်သိမ်းပိုက်တဲ့မြို့ပေါင်း ၅ မြို့ရှိလာပြီဖြစ်ပါတယ် ။ခမ်းပါတ် ၊ရွှေပြည်အေး ၊ မော်လူး ၊မြို့သစ်မြို့တွေနဲ့ အခုနောက်ဆုံးပင်လည်ဘူးမြို့တို့ဖြစ်ပါတယ် ။ဒါအပြင်မန္တလေးတိုင်းမှာလည်း
စဥ့်ကူးမြို့နယ် ၊သပိတ်ကျင်းမြို့နယ်နဲ့တကောင်း
မြို့တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး နဲ့ ဒေသခံPDF ခရိုင်တပ်ရင်းတွေ ၊ပကဖ တွေအပါအဝင် ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါကြောင့် PDF တွေအဓိကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်တဲ့မြို့ပေါင်း ၈ မြို့အထိရှိလာတာပါ ။
စစ်ကောင်စီအတွက်တော့ တော်လှန်ရေးတပ်တွေသိမ်းသွားတဲ့မြို့တွေ ကိုပြန်ထိုးစစ်ဆင်သိမ်းပိုက်မယ် ကြုံးဝါးနေတဲ့ကြားက မြို့တမြို့ ထပ်သိမ်းခံရတာလည်းဖြစ်ပါတယ် ။စစ်ကောင်စီကတန်ပြန်
ထိုးစစ်လုပ်မယ့် ဆိုပေမယ့်နေ့စဥ် နိုင်ငံတဝန်း ပြည်သူတွေကိုလေကြောင်းကနေ ဗုံးကြဲ သတ်
ဖြတ်မှုတွေကိုသာလုပ်နေတာဖြစ်ပါတယ် ။ တချိန်တည်းမှာ အာရက္ခတပ်တော် (AA) ရဲ့မောင်တော၊အမ်း ၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ၊TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ သီပေါမြို့ပြင်ကလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၃ စခန်းသိမ်း
တိုက်ပွဲ နဲ့ တောင်ခမ်းတိုက်ပွဲတွေဟာပြင်းထန်နေပါတယ် ။တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် သတင်းမထုတ်ပြန်သေးတာကြောင့် People's Spring ရဲ့အခုအင်ဖိုဂရပ်ဖစ်မှာ မပါသေးတဲ့မြို့တွေလည်း ကျန်ရှိနိုင်ပါသေးတယ် ။
Done✊
ReplyDeleteDone
ReplyDeleteDone ✅
ReplyDelete