Wednesday, 9 October 2024

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်း ဝင်သူများကို လက် နက် ၄၀၀ ကျော်၊ ဘိန်းဖြူ ၈၀ ထုပ်ဝန်းကျင်နှင့်အတူ ဖမ်းဆီးရရှိထားဟု စစ်ကိုင်းပကဖ ထုတ်ပြန်





ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်း ဝင်သူများကို လက် နက် ၄၀၀ ကျော်၊ ဘိန်းဖြူ ၈၀ ထုပ်ဝန်းကျင်နှင့်အတူ ဖမ်းဆီးရရှိထားဟု စစ်ကိုင်းပကဖ ထုတ်ပြန်


ရန်ကုန်၊ အောက်တိုဘာ ၉ 


စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများ၊ အလင်းဝင်သူများကို လက်နက် ၄၀၀ ကျော်၊ ဘိန်းဖြူ အထုပ် ၈၀ ဝန်း ကျင် နှင့်အတူ ဖမ်းဆီးရရှိထားကြောင်း စစ်ကိုင်းတိုင်းပကဖက သတင်းထုတ် ပြန်သည်။


ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ပင်လည်ဘူးမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ရက်အကြာ တိုက်ပွဲများနေ့စဥ်ဆင်နွှဲပြီးနောက် တမြို့လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချဆုတ်ခွာခွင့်တောင်း ဆုတ်ခွာသွားသဖြင့် ပင်လည်ဘူးမြို့ကို အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက အလုံးစုံ ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်း ပင်လည်ဘူးရဲစခန်းနှင့် စစ်ကူလာရောက်သော ဘဏ်ကုန်းရှိ စကစတပ်ဖွဲ့ဝင်များက ဒဏ် ရာရသူများ၊မိသားစုဝင်များနှင့် ရိက္ခာပြတ်လပ်ခြင်းကြောင့် လက်နက်ချ ဆုတ်ခွာခွင့်ပြုပါရန် ခွင့်တောင်းခံလာသဖြင့် ချက်ချင်း စီစဥ်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပင်လည်ဘူး မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်မှ လက်နက်ချသူများသည် ဝန်းသိုမြို့သို့ဆုတ်ခွာခွင့်ပြုခဲ့ပြီး အခြား ဖမ်းဆီရမိသုံ့ပန်းများကိုကောင်းမွန်စွာ ထိန်းသိမ်းထားရှိလျက်ရှိကြောင်း ၊ ပင်လည်ဘူးတွင် ခမရ ၃၀၁၊ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA တပ်ရင်း ၆၁၄၊ရဲတပ်ဖွဲ့တို့ ပါဝင်ပြီး စစ်ကောင်စီတပ်ဘက်မှ စစ်ကူ ၄ ကြိမ်ပေးခဲ့ကြောင်း၊ စစ်ကူတပ်ရင်းများမှာ ခမရ ၃၆၃၊ ခမရ၁၆၊ ခမရ၃၆၈၊ခမရ ၈၇ စုစုပေါင်းတပ်ရင်း ၁၁ရင်းခန့်ရှိကြောင်း သိရှိရသည်။


စစ်ကောင်စီက မြို့မကျစေရေးအတွက် လေယာဉ် စီးရေ ၁၃၀ ကျော်ဖြင့် ပေါင် ၅၀၀၊၃၀၀၊၂၀၀ စုစုပေါင်းအလုံးရေ ၃၀၀၀ ကျော် ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိလည်း လေကြောင်းမှ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဆဲဖြစ်ကြောင်း၊ 

 စစ် ဆင် ရေးကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းတစ်ခုလုံးကိုချေမှုန်းဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိကာ လာရောက်အလင်းဝင်ပူးပေါင်းသည့် စကစတပ်ဖွဲ့ဝင်များလည်း ရှိကြောင်း သိရှိရသည်။ 


ထို့ပြင် ပင်လည်ဘူး ရဲစခန်းအတွင်းမှ ဘိန်းဖြူခွက်ရေ ၈၀ ဝန်းကျင် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆင်ရေးကာလအတွင်း အမှတ်၁စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်မတော်KIAမှတပ်ဖွဲ့ဝင်များ ၊ အမှတ်၁စစ်ဒေသ စစ် ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ (ပကဖ )လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ ၊ ကန့်ဘလူခရိုင်'ပကဖ)လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့များ၊ ရွှေဘိုခရိုင် (ပကဖ )ဒရုန်းတပ်ဖွဲ့နှင့်တိုက် ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံ ကောလင်းခရိုင်(ပကဖ)လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ(ကောလင်း၊ဝန်းသို၊ပင်လည်ဘူး မြို့နယ် ပကဖတပ်ဖွဲ့ဝင်များ) ပြည်သူ့ လုံခြုံရေး အဖွဲ့ (ပလဖ)များ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။
 

3 comments:

မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

 မကွေးတွင် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် ရန်ကုန်၊ နိုဝင်ဘာ ၁၀  မကွေးတိုင်းတွင် အကြမ်းဖက် စစ်တပ်၏...