Friday 9 December 2022

လွမ်းသူ - ရှုပ်လိုက်တဲ့စကားလုံးတွေ

 


📋ရှုပ်လိုက်တဲ့စကားလုံးတွေ📋

📋ဘယ်ဘုရားက တန်ခိုးပိုကြီးကြောင်း📋

ဗုဒ္ဓကို မေးရမလား📋

ခရစ်တော်ကို မေးရမလား📋

အလ္လာရှင်မြတ်ကို မေးရမလား📋

ဗြဟ္မာမင်းကြီးတွေကို မေးရမလား📋

ရှုပ်လိုက်တဲ့ လောကီပေါ့။📋


ဘုရားဖူးပြီး တရားထူးရကြရင်📋

မြန်မာပြည်လောက် ငြိမ်းချမ်းမယ့်နိုင်ငံမရှိဘူး။📋


ခုတော့ ငါတိုအားလုံး ကိုယ့်ပုခုံးနဲ့ကိုယ် ရုန်းထနေကြရပေါ့📋

ဒီကြားထဲ မင်းသားလုပ်ချင်သူနဲ့ဒါရိုက်တာလုပ်ချင်သူနဲ့ရှုပ်နေပြန်ရော။📋

ကားလိပ်ဆွဲသူတွေကလည်း 📋

ဇာတ်လမ်းအတွက်အရေးပါတာကို မမေ့ကြနဲ့📋

ငါနေရာရရေး ငါထင်ပေါ်ရေး📋

ငါ့အဖွဲ သူ့အဖွဲ ၊ငါ့ရွာ သူ့ရွာ📋

အတ္တဗဟိုပြုဝါဒကို ချိုးဖျက်ကြစို။📋


ပုခုံးချင်းယှဥ်နေရမယ့် တော်လှန်ရေးမဟုတ်ဘူး📋

ကျောချင်းကပ် နှလုံးသားချင်းအပ်ထားရမယ့် ခရီးပဲ📋

စကားလုံးတွေ ပစ်ပေါက်မနေကြနဲ့📋

ငါတိုရုန်းမှ ငါတိုပြုံးရမှာ။📋


ကြာရင် ကြာလာရင်📋

ရော်ရွက်ဝါတွေ ကြွေကြွေကျသလို📋

ငါတို ပေးဆပ်ရမှု များလိမ့်မယ်။📋


ငါတို သိပ်ပြီး ထင်ပေါ်မှုကို မတောင်းဆိုနဲ့📋

တော်လှန်ရေးဟာ အလုပ်ဖြစ်ဖိုက ပိုအရေးကြီးရဲ့📋

ရှုပ်နေတဲ့စကားလုံးတွေကို ရှင်းဖိုထက်📋

ဒုက္ခပင်လယ်ဝေမှု အဆုံးသတ်ဖို အားစိုက်ကြမယ်။📋


ဘယ်ဘုရားမှ အပူကပ်မနေနဲ့📋

အမှန်တရားဘက်သာ သာသာထိုးထိုးရပ်ပေးကြ။📋


စကားလုံးတွေပစ်ပေါက်ရင်း အချိန်ကုန်လိုမရဘူး။📋


ဘာလုပ်နိုင်လဲ ဘယ်လိုလုပ်မလဲ📋

ဘယ်နေရာက ပါမလဲ ဒါပဲပေါ့။📋

မတူညီမှုနဲ့အတူ တူညီစွာတော်လှန်ကြစို။📋

ဒါမှ ကျန်ရစ်သူတို လူသားဆန်စွာ ရှင်သန်ကြရမှာ။📋


                                                   လွမ်းသူ

3 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...