Friday 9 December 2022

လွမ်းသူ - နာကျင် အချိန်ပို

 


⚓နာကျင် အချိန်ပို⚓ --------------- ⚓အားလုံး အားလုံး တတိုင်းပြည်လုံး နာကျင်ခဲ့ပြီ⚓းနာကျင်ဆဲ ကာလကြီးထဲ⚓ တယောက်အမှားတယောက်စောင့် လက်ထောင်ပြနေရမယ့် အချိန်မဟုတ်ဘူး။⚓ လာလမ်းမတူပေမယ့် ပြန်လမ်းတူကြသူတွေ ဖြစ်ဖိုလိုတယ်⚓ လာလမ်းမတူတာအမှားမဟုတ်ဘူး⚓ အတူတူမပြန်ချင်ကြတာ အမှားဖြစ်သွားမယ်⚓ အပြန်ခရီးရဲ့ အဆုံးသတ်မှာ ⚓အရာရာသစ်လွင်နေတဲ့ နိုင်ငံတခုကို တွေ့ဖိုပဲပေါ့။⚓ ဘာကိုများ ရှည်ရှည်ဝေးဝေး ငြင်းနေကြအုံးမှာလဲ။⚓ တပွဲလုံးလုံး ရင်းခဲ့ရပြီးပြီ တပွဲလုံးလုံး သေခဲ့ရပြီးပြီ⚓ ဒီပွဲက ကမ္ဘာ့အကြာဆုံး ဘောလုံးပွဲပဲ။ ⚓ပရိတ်သတ်ကလည်း ကိုယ့်ဘက်က⚓ ဘယ်ဒိုင်ကိုမှ အားကိုးဖို မလိုဘူး⚓ အပေးအယူတည့်တည့် ကိုယ့်တာကိုယ် လုံဖိုပဲ မဟုတ်လား။⚓ အချိန်က ပြည့်တော့မယ်⚓ နာကျင် အချိန်ပိုတွေတောင်းနေရရင်⚓ နာကျင်မှုဟာ သံသရာလည်နေပါ့မယ်။ ⚓အားလုံး အားလုံး တတိုင်းပြည်လုံး ⚓အပြုံးပန်းနဲ့အပြန်လမ်းက ⚓သစ်လွင်တဲ့နိုင်ငံသစ်ဆီ အတူတူ ချီကြဖိုပါပဲ။⚓ လွမ်းသူ

2 comments:

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...