Tuesday 28 February 2023

Holding Ramemberance Activity for Fallen Heroes in Yangon


 ရန်ကုန်မြို့တွင် ကျဆုံးခဲ့သည့် သူရဲကောင်း (၄)ဦး၏ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအား ပြုလုပ်ခြင်း


နွေဦးတော်လှန်ရေးအတွင်း ရန်ကုန်မြို့တွင် ပထမဦးဆုံး ကျဆုံးသွားခဲ့သည့် ပြည်သူ (၄) ဦးကို အောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏ ရုပ်ပုံ ရိုက်နှိပ်ထားသည့် အင်္ကျီကိုဝတ်ဆင်ကာ သူတို့ကျဆုံးခဲ့သည့်နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့မှာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုအား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ ပြုလုပ်ခဲ့ကြပါတယ်။ 


စစ်ကောင်စီတပ်သားများ၏ လူမဆန်စွာ ရက်ရက်စက်စက် ဖြိုခွင်းပစ်ခတ်မှုကြောင့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ဒေါ်တင်နွဲ့ရီ (၅၉ နှစ်)၊ကိုဟိန်းထွဋ်အောင် (၂၃ နှစ်)နှင့် ကိုညီညီအောင်ထက်နိုင် (၂၃ နှစ်) တို့သည် ရန်ကုန်မြို့တွင် ကျဆုံးခဲ့သည်။


၂၀၂၁ ခုနှစ်၏ ယခုလိုအချိန်မျိုးတွင် ကျွန်ုပ်တို့ သတ္တိအပြည့်၊ အားမာန်အပြည့်၊ နာကျည်းချက်အပြည့်၊ ခံယူချက်အပြည့်နဲ့ အကြမ်းဖက် စစ်ကောင်စီကို အနိုင်တိုက်ထုတ်ရမယ်ဆိုတဲ့ ခံယူချက်တွေ ခိုင်မာခဲ့ပါသည်။သူရဲကောင်း ၄ ဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရရာနည်းလမ်းနဲ့ တော်လှန်ကြရန်၊ တော်လှန်ရေးကို အားဖြည့်ကြရန် ပြည်သူအားလုံးကို ထပ်မံအသိပေးတိုက်တွန်းလိုက်ပါသည်။


……………………………………………………….


Holding Remembrance Activity By Wearing Shirts Attached With Pictures of The First (4) Fallen Heroes in Yangon During Spring Revolution


Comrades from Yangon Revolution Force , YRF's Soft Strike Community carried out remembrance activity at some places in Yangon, including the places where the first (4) heroes have fallen during the Spring Revolution.


Mg Zin Lin Htet (20 years old), Daw Tin Nwe Yi (59 years old), Ko Hein Htut Aung (23 years old) and Ko Nyi Nyi Aung Htet Naing (23 years old) were brutally killed and cracked down by the military council soldiers in Yangon.


At this time in 2021, we were full of courage, great vigor and we felt resentment. We had strong convictions that we must defeat the terrorist military council. We must fight against the military council at all cost for our fallen heroes of revolution. Therefore, we would like to once again urge the general public to involve and strengthen our spring revolution. 


ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည် 🔥


Soft Strike Community 

Yangon Revolution Force - YRF

(ရန်ကုန်တော်လှန်ရေးအင်အားစု)


#yangonrevolutionforce 

#yrf 

#WhatsHappeningInMyanmar

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...