Friday 3 March 2023

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော မကျော့နန္ဒာအောင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ


============================

မုံရွာမြို့၊ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက် ဖြိုခွင်း ခံရမှုကြောင့် ဦးခေါင်းသေနတ်ကျည်ထိမှန်ကာ ကျဆုံးခဲ့ရ သော မကျော့နန္ဒာအောင်

 

မကျော့နန္ဒာအောင်သည် အသက် ၂၅ နှစ် အရွယ် ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရတစ်ဦး ဖြစ်သည်။၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင် စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူ လူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင် မကျော့ နန္ဒာအောင်မှာ ဦးခေါင်းသေနတ် ကျည်ထိမှန် ၍ ကျဆုံး ခဲ့သည်။


မကျော့နန္ဒာအောင် ၏မောင်ဖြစ်သူ ကိုလင်းထက် အောင်၏ ပြောကြား ချက်အရ သူမသည် ဤနွေဦးတော် လှန်ရေးတွင် သူငယ်ချင်းများနှင့်အတူ ဆန္ဒပြပွဲများ၌ တက်တက်ကြွကြွပါဝင်ပြီး အလှူ အတန်းများပြုလုပ်သူဟု သိရှိရသည်။ ကျဆုံးသည့်နေ့တွင် သူမသည် အိမ်မှ မထွက်မီ ဆိုင်ကယ်စီး ဦးထုပ် အပြင် လွယ်အိတ်ထဲတွင် ပတ်တီး၊ အရက်ပြန်၊ ဂွမ်း အစုံအလင် အပါအဝင် ရော်ဘာကျည် ကာလိုကာငြား သစ်သားပြားလေးပါ သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။ ကျည်ထိသွားချိန်တွင် နံဘေးရှိ လူများက ရပ်ကွက် အတွင်းသို့ သယ်ဆောင်ကာ ဝင်ပြေးသွားသော်လည်း အစ်မဖြစ်သူ ၏အသက် ကို မမီလိုက်ကြောင်းသိရှိရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...