Friday 3 March 2023

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုကံချွန်(ကိုဝေယံ)


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ကျည်ထိကာ ကျဆုံးခဲ့ရသော ကိုကံချွန် (ကိုဝေယံ)။


၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ကျည်ထိမှန်ကာ ကျဆုံးခဲ့ပါသည်။ ပစ်ခတ်ခံရပြီးနောက် ကိုဝေယံနှင့် ကိုကေဇဝင်းတို့ နှစ်ဦး၏ ခန္ဓာ ကိုယ်ကို ရဲနှင့်စစ်သားများမှ အချုပ်ကားပေါ် တင်ဆောင် သွားခဲ့သည်။ ကျဆုံးရုပ် အလောင်း ကို မိသားစုဝင်များက မုံရွာဆေးရုံကြီးရင်ခွဲ ရုံတွင် သွားရောက ထုတ်ယူ ခဲ့ရသည်။“ညနေ ၄နာရီလောက်မှာ ပုံတွေ့တော့ သူမှသူပဲဆိုတာ ကျွန်တော် တန်းသိတာနဲ့ ဆေးရုံကို သွားကြည့်ကြတာ။ မနက်၆နာရီမှ လာထုတ်ပါဆိုလို့ ခုမနက်မှ ထုတ် ခဲ့ရတယ် “ဟု ကိုဝေယံ၏ သူငယ်ချင်းဖြစ်သူက ပြောသည်ဟုလည်း သိရသည်။


ကိုဝေယံ၏ ရုပ်အလောင်းကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မီးသဂြိုဟ် ခဲ့ပါသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...