Friday 3 March 2023

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကဗျာဆရာ ကေဇဝင်း(ကိုချမ်းသာဆွေ)


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


မုံရွာမြို့၊ ဘုရားနီအနီးလူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် နားအနောက်ဘက် ဦးခေါင်းကျည်ထိကာ ကျဆုံးခဲ့ရသော ကဗျာဆရာ ကေဇဝင်း (ကိုချမ်းသာဆွေ)

ကိုချမ်းသာဆွေသည် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းရွာ ဇာတိ ဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် ကဗျာဆရာတစ်ဦးဖြစ်သည်။


၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင် စုလမ်း၊ ဘုရားနီအနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်း ဖက်ဖြိုခွင်းခဲ့ရာ နားအနောက်ဘက် ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံး ခဲ့သည်။ အပစ်ခံရပြီးချိန်တွင် ရဲနှင့်စစ်သားများက ဒရွတ်တိုက်ဆွဲကာ ကားပေါ်သယ်ဆောင်သွားပြီး နောက်တစ်ရက် မတ်လ ၄ ရက်နေ့မှ အလောင်းပြန်ရခဲ့သည်။ ထိုနေ့မှာပင် ဆားကျင်းသုသာန်၌ သဂြိုလ် ခဲ့ကြောင်းသိရသည်။ 


သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ယခင် ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်တွင်လည်း မတရား ဖမ်းဆီးခံခဲ့ ရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

[English]

Poet K Za Win (Ko Char Thar Swe) who was killed by a bullet in the head behind the ear due to the violent suppression

of a public strike at Bayarni road in Monywa City.After he was shot, the police and soldiers dragged him to the car,

and the body was returned the next day on March 4. On the same day, he was buried in the Salt Pit Cemetery.

Ko Chan Thar Swe is a 39-year-old poet from Leppan Taung Village, Sar Lin Gyi Township.

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...