Friday 3 March 2023

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ဆရာမ ဒေါ်မြင့်မြင့်ဇင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


မုံရွာမြို့၊ ဘုရားနီအနီးလူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် ရင်ဘတ် သေနတ်ကျည်မှန်ကျဆုံးခဲ့ရသော ဆရာမဒေါ်မြင့်မြင့်ဇင် (ဒေါ်ကြည်လင်အေး)


ဆရာမ ဒေါ်မြင့်မြင့်ဇင်သည် အသက် ၃၄ နှစ်ရှိပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်နေထိုင် သူ တစ်ဦးဖြစ်သည်။ ၂၀၂၁ခုနှစ် မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ရာ ဆရာမ ဒေါ် မြင့် မြင့်ဇင် မှာ ရင်ဘတ်သေနတ်ကျည်မှန်၍ ကျဆုံးခဲ့သည်။ သူမ၏လက်တွင် သွေးအမျိုး အစား၊ ဖုန်းနံပါတ်နှင့်တကွ ခန္ဓာကိုယ်အားလှူဒါန်းကြောင်းစာကို မင်နီဖြင့်ရေးထားခဲ့ ကြောင်းသိရသည်။


ဒေါ်မြင့်မြင့်ဇင်သည် ဘော်ဒါဆောင်ဖွင့်ထားစဥ်က ကျောင်းသားတွေအပေါ် စေတနာ ကောင်းသော ဆရာမဖြစ်ပြီး ငွေကြေးမတတ်နိုင်သောကလေးများကိုလည်း ပညာဒါန ပြုခဲ့သူလည်းဖြစ်ကြောင်းသိရသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

No comments:

Post a Comment

စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို

 စစ်ကောင်စီ၏ စစ်သင်္ဘော ၈ စီးကို KIA က သိမ်းပိုက်ရရှိထားပြီး  ဖောက်ခွဲဖျက်ဆီးရန်သာရှိဟုဆို ရန်ကုန်၊ စက်တင်ဘာ ၂၀  အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်...