Friday 3 March 2023

ဘုရားနီလမ်း သေနတ်ဖြင့် ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသော ကိုမိုးအောင်


 ဘုရားနီလမ်း ဖြိုခွင်းခံရမှု ၂ နှစ် ပြည့်ပြီ

============================


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုရားနီအနီး လူထုသပိတ် အကြမ်းဖက် ဖြိုခွင်းခံ ရမှုကြောင့် သေနတ်ကျည် ပေါင်တွင်ထိမှန်ကာ ကျဆုံးခဲ့ရသော ကိုမိုးအောင်


ကိုမိုးအောင် သည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်နေ အသက် ၂၃ နှစ်အရွယ် ကျူရှင်ဆရာတစ်ဦးဖြစ်ပါသည်။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းတခု၏ ဝန်ထမ်းလည်း ဖြစ်ခဲ့ဖူးပါသည်။


၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်း၊ ဘုရားနီ အနီးတွင် ဆန္ဒပြသူလူထုအား ရဲနှင့်စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းရာ ကိုမိုးအောင် သည် ပေါင်၌ သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ပါသည်။ မတ်လ ၄ ရက်နေ့တွင် ကိုမိုးအောင်၏ ဈာပန မီးသဂြိုဟ်ခြင်းကို အခြားကျဆုံး သူရဲကောင်းငါးဦး နှင့်အတူ ဆားကျင်း သုသာန်၌ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။


တူမီးတော်လှန်ရေးစာစဥ်

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်မတီ

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...