Wednesday 29 March 2023

ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု


ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု

⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍


တကမ္ဘာလုံးက သတင်းဓာတ်ပုံဆရာတွေ၊ မှတ်တမ်းဓာတ်ပုံဆရာတွေ ဝင်ပြိုင်ကြတဲ့ World Press Photo ဆုတွေထဲက ဆုတစ်ခုကို လွိုင်ကော် ပီဒီအက်ဖ်အဖွဲ့က ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီနေ့ ကြေညာပါတယ်။ 

.

ဆုရတဲ့ ဓာတ်ပုံကတော့ မနှစ်က ကရင်နီ (ကယား)၊ မိုးဗြဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း လွိုင်ကော်ပီဒီအက်ဖ် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ဒဏ်ရာရသူတစ်ဦးကို ထမ်းခေါ်လာတဲ့ ပုံပါ။ 

.

ဥရောပ၊ အလယ်ပိုင်းနဲ့ မြောက် အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဆိုပြီး နယ်မြေအလိုက် သတ်မှတ် ဆုပေးတဲ့အထဲမှာ မောက်ခမ်းဝါရဲ့ ဓာတ်ပုံက အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် ပေးတဲ့ ဆုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 

.

အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် Singles, Stories, Long-Term Project, Open Format နဲ့ Honorable Metion ဆိုတဲ့ ဆု ၅ ဆုကြေညာခဲ့ပြီး မောက်ခမ်းဝါက Singles ကဏ္ဍအတွက် ဆုရခဲ့တာ ဖြစ်ပါတယ်။ 

.

World Press Photo Award ဆိုတာကတော့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံသတင်းထောက်တွေ၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူတွေ အများဆုံး ဝင်ပြိုင်ကြတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆု တစ်ခုပါ။

.

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် World Press Photo အဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက နှစ်စဉ် ဆုပေးပွဲတွေကျင်းခဲ့တာဖြစ်ပြီး သတင်းဓာတ်ပုံလောကနဲ့ မှတ်တမ်းဓာတ်ပုံလောကထဲမှာ ပြောစမှတ်ပြုရ၊ အသိအမှတ်ပြုရတဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။ 

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...