Tuesday 7 March 2023

စစ်ကိုင်း၊ မကွေးအပါအဝင် စစ်မက်ဇုံများသို့ လုံးဝခရီးမသွားရန်နှင့် မန္တလေးသို့ အရေးတကြီးကိစ္စမရှိဘဲ ခရီးမသွားရန် ဗြိတိန်က သတိပေးချက်ထုတ်


 စစ်ကိုင်း၊ မကွေးအပါအဝင် စစ်မက်ဇုံများသို့ လုံးဝခရီးမသွားရန်နှင့် မန္တလေးသို့ အရေးတကြီးကိစ္စမရှိဘဲ ခရီးမသွားရန် ဗြိတိန်က သတိပေးချက်ထုတ်

−−−−−−−−−−−−−−−−

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဗုံးထောင်တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ မြင့်မားလာခြင်းကြောင့် မြန်မာနိုင်ငံသို့ ခရီးမသွားကြရန် ဗြိတိန်နိုင်ငံ Commonwealth and Development Office က မတ်လ ၆ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။


မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်ပြည်နယ်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းများသို့ ခရီးမသွားကြရန် ကြေညာချက်တွင် ပါရှိသည်။


မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရဘဲ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ဟုဆိုသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နှင့် နေပြည်တော် အပါအဝင် စစ်ကောင်စီထိန်းချုပ် အဆောက်အအုံများ၊ စစ်ဆေးရေးဂိတ်များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်များတိုက်ခိုက် ခံနေရသည်ဟု ကြေညာချက်တွင်ဖော်ပြသည်။


နိုင်ငံခြားသားများအကြာခဏ သွားရောက်လေ့ရှိသည့် ဟိုတယ်များ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ စသည်တို့လည်း တိုက်ခိုက်ခံရဖွယ်ရှိသည်ဟုလည်းဆိုသည်။


လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မြေမြှုပ်မိုင်းအန္တရယ်နှင့် လက်နက်ကိုင်တိုက်ပွဲငယ်များ အပါအဝင် နိုင်ငံအနှံ့အပြားတွင် ထင်ရှားသည့် အကြမ်းဖက်မှုများ ရှိနေသည်ဟုလည် ကြေညာချက်တွင် ဖော်ပြသည်။


ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းတို့သို့လည်း မသွားမဖြစ်မှသာ သွားလာကြရန် သတိပေးထားသည်။ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနှင့် ရခိုင်တောင်ပိုင်းတို့တွင် ရောက်ရှိနေပါကလည်း သတိကြီးကြီးထားရန်လိုသည်ဟု ဆိုထားသည်။


(ပုံစာ − ခရီးသွားများအတွက် အန္တရာယ်ရှိနေဒသများပြမြေပုံ, အနီရောင် အန္တရာယ်ရှိ ဒေသများ၊ အဝါရောင် သတိဖြင့် သွားလာကြရန်)

No comments:

Post a Comment

မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရရှိ၊

 မြိုင်နယ် စက်မှု -၂ က အရာခံဗိုလ် အပါအဝင် ခုနစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး၊ လေးဦး ဖမ်းမိပြီး ပြန်ခုခံတဲ့ သုံးဦး သေဆုံးကာ သေနတ်သုံးလက် သိ...