ရှေ့တန်းစစ်မြေပြင်တစ်နေရာက
ရဲဘော်သမာဓိရဲ့ မြေပုံပေါ်မှာ
စိန်ပန်းနီတွေ စိုက်ပေးခဲ့တဲ့ "ပြောင်းခင်း
ရောင်းရင်း" ကော်ဘရာအဖွဲ့သားများ...
............
၁၀ လပြည့်ခဲ့ပြီ
မြေပုံတခု....မှတ်တိုင်...တတိုင်ဆိုတာထက်
ကမ္ဘာမြေပေါ်မှာ ရှင်သန်နိုင်လောက်
ရှင်သန်ခွင့်ရမယ် သစ်ပင်တပင်ဆိုတာက
အမှတ်အသားလဲ ဖြစ်သလို
အမှတ်တရလဲ ပိုဖြစ်ပါတယ်
ဒီနေ့ရာမှာ ငါတို့ဆက်ပြီးရှိနေသည်..ဖြစ်စေ...
မရှိတော့သည်....ဖြစ်စေ..
မင်းတွက်စိုက်ပေးခဲ့တဲ့..
စိန်ပန်းနီပွင့်တွေကတော့...
နောက်တချိန် မင်းမြေပုံပေါ်မှာ
သတိရလွမ်းဆွေးစွာနဲ့ ပြန့်ကျဲနေမှာပါ..။
#တပင်ကတော့သမာဓိ
#နောက်တပင်ကတော့ဖြိုးခိုင်
#PKYY
#CobraColumnB2
#YeMinkyiFb

Salute to our fallen heroes , rest in power 😔
ReplyDelete