Wednesday 19 April 2023

နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု အပါအဝင် မစ်ရှင် များကို လုံခြုံရေးအရ ခက်ခဲစွာ ဖော်ဆောင်နေရ


 နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု အပါအဝင် မစ်ရှင် များကို လုံခြုံရေးအရ ခက်ခဲစွာ ဖော်ဆောင်နေရ


■ Brave Warriors for Myanmar - BWM အဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်သည့် မစ်ရှင် ၆ ခုကို တရားဝင် အသိပေး


ရန်ကုန်၊ ဧပြီ ၁၉


နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အပါ အဝင် မစ်ရှင်များကို ဖော်ဆောင်ရာတွင် လုံခြုံရေးအရ ခက်ခဲစွာ ဆောင် နေရ ကြောင်း MKCDFအဖွဲ့ ဥက္ကဋ္ဌ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။ 


ဧပြီလ ၁၆ ရက်နေ့ နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုတွင် အလွန်ခက်ခဲစွာ အကောင်အထည်ဖော်ရသည့်အတွက် လုံခြုံ ရေး အတွက် အထူးသတိထားရကြောင်း၊ လုံခြုံရေး ပထမ ဦးစားပေး၍ အလျှင် အမြန်ဆောင်ရွက်ရသည့်အတွက် သတင်းထုတ်ပြန်ရေးပိုင်းတွင် အား နည်း ချက်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။ 


"အေလာ မစ်ရှင် ကို အလွန်ခက်ခဲစွာ ဖော်ဆောင် ရတဲ့အတွက် လုံခြုံရေး ကြောင့် သတင်းထုတ်ပြန်ရေးပိုင်းမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါကို နားလည် စေချင်တယ်" ဟု MKCDFအဖွဲ့ ဥက္ကဋ္ဌ က ဆိုသည်။ 


MKCDFအဖွဲ့ သည် Brave Warriors for Myanmar - BWM နှင့်အတူ မစ်ရှင်များကို ပူးတွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။ 


Brave Warriors for Myanmar - BWM ၏ ကြေညာချက်တွင်မူ ရှော့တိုက် ဒုံးဖြင့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် မစ်ရှင် ၆ ခုကို တိုက်ခိုက်ဖော်ဆောင်ခဲ့ပြီး ၎င်းတို့ထဲတွင် နေပြည်တော် အေလာ လေတပ် တပ်ဆွယ်ကို ပစ်ခတ်သည့် မစ်ရှင်လည်း ပါဝင်သည်။ 


Brave Warriors for Myanmar - BWM က ကြေညာထားသည့် ဖော်ဆောင် ပြီး မစ်ရှင်များမှာ-


၁။ မတ်လ ၂၁ ရက်နေ့က မှော်ဘီ လေတပ်စခန်းရှိ တိုက်လေယာဉ်နှင့် ရဟတ် ယာဉ်များ ထားသောနေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ် ခတ် တိုက် ခိုက်ခဲ့သော မိတ်ဖက်အဖွဲ့များနှင့်မစ်ရှင် (BWM အဖွဲ့နာမည်ဖြင့် မကြေညာခင်ကမစ်ရှင်)


၂။၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ မှာ ကျရောက်ခဲ့သည့် ကိုမောင်ကျော့် မွေးနေ့ အမှတ် တရ နေပြည်တော်အေလာလေတပ်သို့ ရှော့ဒုံး ၃လုံးပစ်ခတ် ခဲ့သည့် မစ်ရှင်။


၃။ မတ်လ ၂၇ တွင် ဖက်ဆစ် စစ်တပ်ရဲ့ စစ်ရေးပြအခမ်းအနားကို ဆန့်ကျင် သည့် အနေဖြင့် မိတ်ဖက်အဖွဲ့များနှင့်အတူ နေပြည်တော်ရှိ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တစ်ရက်တည်း ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့သည့် မစ်ရှင်။


၄။ ရေတာရှည်မြို့နယ်ရှိ စစ်ကောင်စီ တိုင်းရုံး၊ လေ့ကျင့်ရေး ၅ တပ် နှင့် အမှတ် ၈၄ တပ်ရင်းတို့ကို မိတ်ဖက်အဖွဲ့များနှင့်အတူ ၁၀၇မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်မစ်ရှင်။


၅။ ၂၀၂၃ ဧပြီလ ၆ရက်နေ့က မိတ်ဖက်အဖွဲ့များနှင့်အတူ ရန်ကုန်မင်္ဂလာဒုံ လေ တပ် ကိုချေမှုန်းခဲ့သည့် မစ်ရှင်။


၆။ အပြစ်မဲ့သတ်ဖြတ်ခံခဲ့ရသည့် ပဇီကြီးရွာ ပြည်သူများအတွက် မိတ်ဖက်အဖွဲ့ များ နှင့် သွေးကြွေးရယူခဲ့သည့် ဧပြီလ ၁၆ ရက်နေ့် နေပြည်တော် အေလာ လေတပ်ထဲသို့ ရှော့ဒုံး ၄ လုံးဖြင့်ပစ်ခတ်နိုင်ခဲ့သည့်မစ်ရှင် တို့ဖြစ်ကြောင်း သိရှိရ သည်။

No comments:

Post a Comment

အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်

 အာဏာရူးမွှေလို့ ဒုက္ခပင်လယ်ဝေရတဲ့ တိုင်းပြည်  ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အလားအလာကောင်းတွေနဲ့ ရှေ့ကို ချီတက်နေတဲ့နိုင်ငံဟာ တခါထဲ နောက်ပြန်လန်ကျ...